International News

အမေရိကန်-တရုတ်သွင်းကုန်ခွန်များကို ဆိုင်းငံ့ရန် သမ္မတထရမ့်၏ခွင့်ပြုချက်လိုအပ်သည်ဟု ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးသူများက ဆို

Last Updated:

အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ချမှတ်ထားသည့်သွင်းကုန်ခွန်များကို ဆိုင်းငံ့ရန်အတွက် သမ္မတထရမ့်အနေဖြင့် ယင်းအစီအစဉ်ကို သဘောတူညီရန်လိုအပ်မည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် CNBC အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။

အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးသူများသည် တတိယအကြိမ် ကုန်သွယ်ရေးဆွေးနွေးမှုကို ဆွီဒင်နိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြုလုပ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံက တရုတ်ကုန် ပစ္စည်းများအပေါ်အပြန်အလှန်သွင်းကုန်ခွန်ချမှတ်မှုနှင့်တရုတ်နိုင်ငံက အမေရိကန် နိုင်ငံအပေါ် တုံ့ပြန်ချမှတ်ထားသည့်အစီအမံများကို ရက်(၉၀)အထိ ထပ်မံဆိုင်းငံ့မှုသက်တမ်းတိုးနိုင်ရေးဆောင်ရွက်သွားရန် နှစ်နိုင်ငံသဘောတူညီခဲ့သည်ဟု ကုန် သွယ်ရေးညှိနှိုင်းဆွေးနွေးမှုတွင်ပါဝင်သည့် တရုတ်ကုန်သွယ်ရေးကိုယ်စားလှယ်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Li Chenggang က ပြောကြားခဲ့ပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အဆိုပါဆွေးနွေးမှုတွင် ဆွေး နွေးခဲ့သည့်အချက်များသည် သမ္မတက ဆောင်ရွက်လိုသည့်ကိစ္စရပ်များ ဟုတ်-မဟုတ်ကိုတင်ပြရန်လိုအပ်မည်ဟု အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Ambassador Jamieson Greer က ပြောကြားခဲ့ပါကြောင်း၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား သွင်းကုန်ခွန်ကောက်ခံရန် ဆိုင်းငံ့ခြင်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ အကယ်၍ ဆိုင်းငံ့ရက်မတိုင်မီသက်တမ်းတိုးမြှင့်ရေးသဘောတူညီမှုမရရှိပါက တရုတ်သွင်းကုန်များအပေါ် ကောက်ခံမည့် အမေရိကန်နိုင်ငံ၏ သွင်းကုန်ခွန်သည် ဧပြီလတွင် ချမှတ်ခဲ့သည့် သွင်းကုန်ခွန်နှုန်းထားသို့ ပြန်လည်ရောက်ရှိသွားနိုင်ကြောင်း၊ဆွေးနွေးမှုများကြောင့် နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနှင့် နားလည်မှုများရရှိစေခဲ့ကြောင်းနှင့် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား အီရန်နိုင်ငံမှရေနံကို ဝယ်ယူခြင်းမပြုစေလိုကြောင်းဖြင့် ဘဏ္ဍာရေးဝန်ကြီး Mr. Scott Bessent က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံသည် တရုတ်သွင်းကုန်များအပေါ် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်တွင် အပြန်အလှန် သွင်းကုန်ခွန်(၃၄)ရာခိုင်နှုန်းချမှတ်ခဲ့ပြီး ယင်းနောက်တွင် သွင်းကုန်ခွန်ကို (၁၂၅)ရာခိုင်နှုန်းအထိ ထပ်မံတိုးမြှင့်ခဲ့ပါကြောင်း၊ သမ္မတထရမ့်အစိုးရ စတင်တာဝန်ယူသည့်အချိန်မှစ၍ Fentanyl မူးယစ်ဆေးဝါးနှင့်ပတ်သက်မှုရှိသဖြင့် တရုတ်သွင်းကုန်များအပေါ် ချမှတ်ခဲ့သည့် သွင်းကုန်ခွန်(၂၀)ရာခိုင်နှုန်းကို ထည့်ပေါင်းပါက စုစုပေါင်းသွင်းကုန်ခွန် (၁၄၅)ရာခိုင်နှုန်းအထိရှိခဲ့ပါကြောင်းနှင့် တရုတ်နိုင်ငံကလည်း အမေရိကန်သွင်းကုန်များအပေါ် အပြန်အလှန်သွင်းကုန်ခွန်များချမှတ်ကာ တုံ့ပြန်ခဲ့ကြောင်း၊ ထို့နောက် ၂၀၂၅ ခုနှစ်၊ မေလတွင် နှစ်နိုင်ငံ ပထမဆုံးအကြိမ်ကုန်သွယ်ရေးဆွေးနွေးမှုကို ဆွစ်ဇာလန်နိုင်ငံ၌ပြုလုပ်ခဲ့ပြီးနောက် သွင်းကုန် ခွန်များကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News