Local News

အောင်လံကုန်စည်ဒိုင်စျေးနှုန်းနှိုင်းယှဉ်သုံးသပ်ချက်များ

Last Updated:

အောင်လံကုန်စည်ဒိုင် စျေးနှုန်းသုံးသပ်ချက်

                                                                                                                                                                                                                        ရက်စွဲ၊ ၁၃.၂.၂၀၂၃

 ပဲမျိုးစုံ        

ပဲမျိုးစုံအနေဖြင့် (၁၀.၂.၂၀၂၃)ရက်နေ့နှင့်နှိုင်းယှဉ်ရာတွင် ပဲစဉ်းငုံ(နီ)(၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့တွင်(၆၃၈ဝဝ)ကျပ်စျေး၊ ယနေ့ (၆၄၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၇၀ဝ)ကျပ်၊   ကုလားပဲ(HL) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့တွင်(၆၄ဝဝဝ)ကျပ်စျေး၊ ယနေ့ (၆၅၅ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၁၅၀ဝ)ကျပ်၊ ကုလားပဲ(မြကြေး) (၂၀)ပိဿာ(၁)တင်းလျှင် ယခင် နေ့တွင်(၆၁ဝဝဝ)ကျပ်စျေး၊ ယနေ့ (၆၂၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၅၀ဝ)ကျပ်၊ ပဲကြီး (၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့တွင်(၈၁၀ဝဝ)ကျပ်စျေး၊ ယနေ့(၈၅၀ဝဝ)ကျပ်စျေး ဖြစ်သည့် အတွက် (၄၀၀ဝ)ကျပ်တို့စျေးတက်ပြီး ဘိုကိတ်ပြာ (၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့တွင် (၄၇ဝဝဝ)ကျပ်စျေး၊ ယနေ့ (၄၆၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅၀ဝ)ကျပ်စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

မြေပဲဆံ/မြေပဲတောင့်      

မြေပဲဆံစျေးနှုန်းအနေဖြင့် (၁၀.၂.၂၀၂၃)ရက်နေ့နှင့်နှိုင်းယှဉ်ရာတွင် မြေပဲလုံးဆံ(နီ)(၁)ပိသာလျှင် ယခင်နေ့တွင်(၇၀၀ဝ)ကျပ်စျေး၊ ယနေ့(၇၁၀ဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၀ဝ)ကျပ်၊ မြေပဲလုံးဆံ(ဖြူ) (၁)ပိသာလျှင် ယခင်နေ့တွင်(၆၃၀ဝ)ကျပ်စျေး၊ ယနေ့(၆၄၀ဝ)ကျပ် စျေးဖြစ် သည့်အတွက် (၁၀ဝ)ကျပ်၊ မြေပဲတောင့်(၁)တင်းလျှင် ယခင်နေ့တွင်(၂၂၀၀ဝ)ကျပ်စျေး၊ ယနေ့ (၂၂၅၀ဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅၀ဝ)ကျပ်တို့ စျေးအသီးသီးတက်ကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

ဝါ        

ဝါစျေးနှုန်းအနေဖြင့် (၁၀.၂.၂၀၂၃)ရက်နေ့နှင့် နှိုင်းယှဉ်ရာတွင် ဝါ(၁)ပိသာလျှင် ယခင်နေ့တွင် (၃၂ဝဝ)ကျပ်စျေး၊ ယနေ့(၃၂၅ဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅ဝ)ကျပ်စျေးတက်ပြီး အရောင်း အဝယ် ဖြစ်လျှက်ရှိပါသည်။

 

Category: Local News