Local News

ပဲစင်းငုံဈေးဆက်တက်လျက်ရှိ

Last Updated:

မြန်မာပဲစင်းငုံသည် ယခုနှစ် နှစ်စပိုင်းရက်များအထိ ၁ တန်ဈေးနှုန်း ကျပ် ၃၂ သိန်းဝန်းကျင် တွင်ရှိခဲ့သော်လည်း ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ဈေးဆက်တက်လာကြောင်း တွေ့ရသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် ပဲစင်းငုံ ၁ တန်ဈေးနှုန်း ကျပ် ၃၃၁၅၀၀၀၊ ၅ ရက်နေ့တွင် ကျပ် ၃၃၆၂၅၀၀၊ ၆ ရက်နေ့တွင် ကျပ် ၃၃၉၀၀၀၀၊ ၈ ရက်နေ့တွင် ကျပ် ၃၄၁၂၅၀၀၊ ၉ ရက်နေ့တွင် ကျပ် ၃၅၀၅၀၀၀ အထိ ဈေးတက်သွားပြီးနောက်၊ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တွင် ကျပ် ၃၄၈၅၀၀၀၊ ၁၅ ရက်နေ့တွင် ကျပ် ၃၄၅၀၀၀၀၊ ၁၆ ရက်နေ့တွင် ကျပ် ၃၄၄၇၅၀၀ အသီးသီးဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးနှုန်းများအရ သိရှိရပါသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် IPGA ၏ ထုတ်ပြန်ချက်အရ အိန္ဒိယ၏ ပြည်တွင်းပဲစင်းငုံ ဈေးနှုန်း အနည်းငယ်ပြန်ကျဆင်းနိုင်ကြောင်း၊ ပဲစင်းငုံဈေးအတက်တွင် ကုန်သည်များနှင့် ပဲခွဲစက် များက ထိန်း၍ဝယ်ယူနေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယအစိုးရ၏ ပဲဈေးနှုန်းတည်ငြိမ်ရေး အစီအစဉ်အရ ပဲမျိုးစုံတန်ချိန် ၁၀ သိန်းကို အစိုးရ က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဝယ်ယူမည်ဖြစ်ကြောင်း၊ ပဲစင်းငုံတန်ချိန် ၅၀၀၀၀ ကို ဈေးကွက် ပေါက်ဈေးအတိုင်းအစိုးရကဝယ်ယူမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ပဲစင်းငုံဈေးနှုန်းကျဆင်းခြင်းမဖြစ်စေရန် အစိုးရက ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူမည့် အစီအစဉ်ဖြစ်ပြီး၊ အာဖရိကနှင့် မြန်မာနိုင်ငံမှ မှပဲစင်းငုံတင်သွင်းမှုပမာဏလည်း တိုးလာကာ မြန်မာ ပဲစင်းငုံဈေးနှုန်းသည် လာမည့်ဖေဖော်ဝါရီနှင့် မတ်လတွင် CNF ဈေးနှုန်း $1130 နှင့် မတ်လ၊ ဧပြီလ များတွင် CNF ဈေးနှုန်း $ 1140 ဖြစ်လာနိုင်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ဧရာကုန်သွယ်မြှင့်

Category: Local News