ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသောမတ်ပဲများ ဈေးတန်းတစ်ခုတွင် အတက်အကျမရှိ ဈေးငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။ မေလ လဆန်းပိုင်းမှစတင်ကာ မတ်ပဲ ၁ တင်းလျှင် ကျပ် ၉၈၀၀၀-၉၈၅၀၀ ဖြစ်ပြီး မေလ ၁၉ ရက်နေ့ မတ်ပဲဈေးနှုန်းသည်လည်း ၁ တင်းလျှင် ကျပ် ၉၈၅၀၀ ဖြစ်ခဲ့ပြီး ဈေးငြိမ်နေကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံပြည်တွင်းဈေးကွက်တွင် ယခုသီတင်းပတ်များအတွင်း ပဲခွဲစက်များအဝယ် ကျဆင်းမှုကြောင့် မြန်မာမတ်ပဲနှင့် အန္ဒရာပရာဒေ့ရှ်ပြည်နယ်မတ်ပဲများ ဈေးကျဆင်းလျှက်ရှိပြီး၊ မဒရာပရာဒေ့ရှ်ပြည်နယ်မှ နွေစိုက်မတ်ပဲများဈေးကွက်အတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်နေ ခြင်းကြောင့် ဖြစ်သည်ဟု အိန္ဒိယသတင်းဌာနများက သတင်းထုတ်ပြန်ထားပါသည်။
မြန်မာပြည်တွင်းမတ်ပဲဈေးကွက်တွင်လည်း ယခင်နှစ်ကာလတူဈေးနှုန်းနှင့် နှိုင်းယှဥ်လျှင် မတ်ပဲဈေးနှုန်းကျဆင်းလျှက်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ယခင်နှစ်ကထက်ပိုမိုကြီးမြင့် နေသောကြောင့် မတ်ပဲဈေးအတက်ကို မျှော်လင့်နေကြောင်း မတ်ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။
အိန္ဒိယနိုင်ငံသည် ယခင်ဘဏ္ဍာနှစ်ထက် ယခုနှစ်တွင် မတ်ပဲတင်သွင်းမှု ၃၁ % ပိုမိုတင်သွင်း ထားပြီး ရာသီဥတုအခြေအနေကြောင့် အိန္ဒိယမတ်ပဲစိုက်ပျိုးထွက်ရှိမှုကျဆင်းနိုင်သဖြင့် ရေရှည်တွင် မြန်မာမတ်ပဲဈေးနှုန်း ပြန်လည်မြင့်တက်လာနိုင်ကြောင်းလည်း မတ်ပဲရောင်းဝယ်သူများထံမှ သိရှိရပါသည်။
ဧရာကုန်သွယ်မြှင့်