ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျှက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၀.၇.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း) တစ်အိတ် ၇၅၀၀၀ကျပ်၊ ဧည့်မထဆန်(သစ်) တစ်အိတ် ၇၀၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၀၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၂၀၀၀၀ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၅၀၀၀ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၅၀၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၇၆၀၀ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၁၇.၇.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၈၂၀၀၀ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ် ၇၅၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၂၀၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၂၀၀၀၀ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၅၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၅၂၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၇၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(ဟောင်း) တစ်အိတ် ၇၀၀၀ကျပ်၊ ဧည့်မထဆန်(သစ်) တစ်အိတ် ၅၀၀၀ကျပ်နှင့် ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀၀၀ကျပ် တို့ဈေးတတ်ပြီး၊ ပေါ်ဆန်းမွှေး(ဟောင်း)၊ ပေါ်ဆန်းမွှေး(သစ်)၊ ဆန်ကွဲB(1,2)နှင့် ဖွဲနုဈေးနှုန်းတို့မှာ ဈေးတည်ငြိမ်လျှက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)ဟောင်းနှင့် ဧည့်မထဆန်(မနောသုခ)သစ်တို့ ဈေးတတ်ရခြင်းမှာ ဝယ်လိုအားများခြင်းကြောင့် ဖြစ်ကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့