Local News

ဧည့်မထဆန်(သစ်)ဈေးတက်ပြီး ဧည့်မထဆန်(ဟောင်း)နှင့် ပေါ်ဆန်းမွှေး(ဟောင်း)ဈေးများကျဆင်းကာ ပေါ်ဆန်းမွှေး(သစ်)၊ ဆန်ကွဲ၊ B(1,2)/B(2,3,4)နှင့် ဖွဲနုဈေးများ တည်ငြိမ်လျှက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျှက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၆.၃.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း)တစ် အိတ် ၇၀၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ် ၅၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း)တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၀၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀၀ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၂၀၀၀ ကျပ်နှင့် ဖွဲနု တစ်အိတ် ၂၅၈၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျှက်ရှိပါသည်။ (၂၃.၃.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၆၅၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)တစ်အိတ် ၆၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၁၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၀၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၂၀၀၀ ကျပ်နှင့် ဖွဲနု တစ်အိတ် ၂၅၈၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

          ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(သစ်)တစ်အိတ် ၅၀၀၀ ကျပ် ဈေးမြင့် တက်ခဲ့ပြီး ဧည့်မထဆန်(ဟောင်း) တစ်အိတ် ၅၀၀၀ ကျပ်နှင့် ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၀၀၀၀ ကျပ် ဈေးများကျဆင်းကာ ပေါ်ဆန်းမွှေးဆန်(သစ်)၊  ဆန်ကွဲB(1,2)၊  ဆန်ကွဲB(2,3,4)နှင့်  ဖွဲနုဈေးများမှာ ဈေးငြိမ်လျက်ရှိနေပါသည်။ ဧည့်မထဆန်(သစ်) ဈေးမြင့်တက်ရခြင်းမှာ ဝယ်လိုအားများ ခြင်းကြောင့်ဖြစ်ပြီး ဧည့်မထဆန်(ဟောင်း)နှင့် ပေါ်ဆန်းမွှေးဆန်(ဟောင်း)ဈေးများ ကျဆင်းရခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရပါသည်။  

 

                                                                                         ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

                                                                                      မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News