ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ဘရာဇီးလ်နိုင်ငံ၊ ဆော်ပိုလိုကုန်သည်ကြီးများအသင်း (ACSP) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ၁၂-၁၂-၂၀၂၂ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ ရာ ဘရာဇီးလ်နိုင်ငံ၊ ဆော်ပိုလိုကုန်သည်ကြီးများအသင်းနှင့် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ ဘရာဇီးလျားမြို့မှ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့ပါသည်။
UMFCCI ဒုတိယဥက္ကဌမှ UMFCCI အနေဖြင့် ပြည်ပနိုင်ငံများမှ စီးပွားရေးအသင်းအဖွဲ့များနှင့် နားလည်မှုစာချွန်လွှာ (၁၆၄) ခုကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ ယခုနားလည်မှုစာချွန်လွှာသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့် မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်တိုးတက်စေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မြန်မာစီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ဘရာဇီးလ်နိုင်ငံသို့ မကြာမီအချိန်တွင် စေလွှတ်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းနောက် ACSP ဥက္ကဌမှ မြန်မာ သံအမတ်ကြီး ပါဝင်တက်ရောက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆော်ပိုလိုမြို့သည် ဘရားဇီးလ်နိုင်ငံအတွက်သာမက တောင်အမေရိကတိုက်တွင် အကြီးဆုံးစီးပွားရေးမြို့တော်ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများစွာရှိကြောင်းဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။