Local News

သစ်ရာကောက်ဒေသထွက် ဆိတ်သားမီးကင်အရောင်းသွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ သီတင်းကျွတ်မြသလွန်ဘုရားပွဲတော်ရက်တွင် MSMEဒေသ ထုတ်ကုန်နှင့်စျေးရောင်းပွဲတော်အား (၉.၁၁.၂၀၂၃)ရက်နေ့မှ (၁၁.၁၁.၂၀၂၃)ရက်နေ့အထိ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့ရာ  သစ်ရာကောက်ကျေးရွာရှိ ဆိတ်သားမီးကင်လုပ်ငန်း ပါဝင်ပြသရောင်းချခဲ့ပါသည်။ ဆိတ်သား မီးကင်အား ခရီးသွားပြည်သူများ ကြိုက်နှစ်သက်ခြင်း၊ အိမ်ရှင်မများ ကြိုက်နှစ်သက်ခြင်းကြောင့် နာမည်ရကာ အရောင်းသွက်နေသည့် ထုတ်ကုန်တစ်ခုလည်းဖြစ်ပါသည်။ လက်ပံတန်း၊ အောင်လံနှင့် အခြားနယ်မြို့များမှလည်း အမှာများရှိနေပြီး ပြည်ပရောက်မြန်မာများမှလည်း ပိသာလိုက်တင်ပို့ရောင်း ချရပါသည်။ လုပ်ငန်းအားတိုးချဲ့လိုသော်လည်း ကုန်ကြမ်းရှားခြင်း၊ လုပ်သားရှားပါးခြင်းတို့ကြောင့် ယခုအချိန်ထိ တိုးချဲ့ချင်သလောက် မတိုးချဲ့နိုင်သေးပါ။  

            ဆိတ်သားစစ်စစ်ကို မီးသွေးဖြင့်မီးအေးအေးကင်ထားသဖြင့် ကျွတ်ကျွတ်မွမွလေးဖြင့် စားလို့ ကောင်းခြင်း၊ ကင်ပြီးသားဆိတ်သားအား ကြာရှည်စွာအထားခံခြင်း၊ အိမ်ရှင်မများအတွက် အချိန်ကုန် သက်သာခြင်းတို့ကြောင့် အရောင်းသွက်နေခြင်းလည်းဖြစ်ပါသည်။ အရည်အသွေး၊ အရသာအနေဖြင့် ပြောစရာမရှိသော်လည်း ထုပ်ပိုးမှုပိုင်းအနေဖြင့် လိုအပ်နေသေးသောကြောင့် ပလပ်စတစ်ဖြင့် ထုပ်ပိုး ခြင်းမပြုရန် ပလပ်စတစ်ဖြင့်ထုပ်ပိုးပါက ကျန်းမာရေးအရ အန္တရာယ်ဖြစ်နိုင်သဖြင့် အန္တရာယ်ကင်းသည့် စက္ကူအိတ်များဖြင့် ဒီဇိုင်းလှလှဖန်တီးပြီး ထုပ်ပိုးမည်ဆိုပါက ပြည်ပနိုင်ငံများမှလည်း ပိုမိုစိတ်ဝင်စား လာနိုင်ပြီး စျေးကွက်သစ်များ ဖန်တီးနိုင်မည်ဖြစ်ကြောင်း အကြံပြုတိုက်တွန်းခဲ့ပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News