Local News

ရော်ဘာစိုက်တောင်သူများ လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်

Last Updated:

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်ဒေသရှိ ရော်ဘာစိုက်ပျိုးသူတောင်သူများ ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းကို တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိသည်။ ယခင်လများက ရော်ဘာအစေးလှီးခြင်းလုပ်ငန်းတွင် အရည်အသွေးအပေါ်မူတည်၍ ရော်ဘာတစ်ပေါင်လျှင် ငွေကျပ် ၁၃၀၀ မှ ၁၄၀၀ အထိ ရရှိကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာလဆန်းမှစ၍ ရော်ဘာအစေးလှီးခြင်းလုပ်ငန်းလုပ်ကိုင်သူ တောင်သူများ ပိုမိုများပြားထုတ်လုပ်လာ၍ ရော်ဘာဈေးနှုန်းအနည်းငယ်ကျဆင်းသွားသော်လည်း ရော်ဘာအစေးလှီးခြင်းလုပ်ငန်းသည် စိုက်ပျိုးသူတောင်သူများအတွက် ပုံမှန်ဝင်ငွေရရှိခြင်းကြောင့် နေ့စဉ်ပုံမှန် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ရော်ဘာတစ်ပေါင်လျှင် ငွေကျပ် ၁၀၀၀ မှ ၁၂၀၀ အထိ ရရှိကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News