Local News

မြေပဲဆံဈေးတစ်ရိပ်ရိပ်တက်

Last Updated:

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံများ အများဆုံးစိုက်ပျိုးသည့် တိုင်းတစ်တိုင်းဖြစ် သည်နှင့်အညီ ဆီအိုးကြီးဟုပင် တင်စားခေါ်လောက်သည်အထိ စိုက်ပျိုးထွက်ရှိပါသည်။ ဆီထွက် သီးနှံတစ်ခုဖြစ်သည့် မြေပဲသီးနှံသည် ယခင်နိုဝင်ဘာလတွင် ဈေးကျဆင်းနေပြီး ယခုဒီဇင်ဘာလ တွင် တရုတ်ဝယ်လိုအားကြောင့် ဈေးတစ်ရိပ်ရိပ်တက်နေကာ အရောင်းအဝယ်လည်းသွက်နေပါ သည်။  

ယခင်နိုဝင်ဘာလတွင် မြေပဲလုံးဆံ(နီ) တစ်ပိသာလျှင် (၅၅၀၀/၅၆၀၀/၅၈၀၀/၅၉၀၀/၆၀၀၀) ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ မြေပဲလုံးဆံ(ဖြူ)တစ်ပိသာလျှင် (၅၅၀၀/၅၆၀၀/၅၈၀၀/ ၅၉၀၀)ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

ယခုဒီဇင်ဘာလတွင် မြေပဲလုံးဆံ(နီ)တစ်ပိသာလျှင် (၅၅၀၀/၅၆၀၀/၅၈၀၀/၅၉၀၀/၆၀၀၀/၆၁၀၀/ ၆၇၀၀/၆၈၀၀/၇၀၀၀/၇၅၀၀)ဈေးများ၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိသာလျှင် (၅၅၀၀/၅၆၀၀/၅၈၀၀/၅၉၀၀/ ၆၀၀၀/၆၃၀၀/၆၅၀၀)ဈေးများအထိ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ယခင်လနှင့် ယခုလနှိုင်းယှဉ်ပါက မြေပဲဆံတစ်ပိသာလျှင် ကျပ်(၁၀၀၀)မှ(၁၅၀၀)အထိ ဈေးမြင့်တက်ကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News