Local News

ကြက်သွန်နီစျေးနှုန်းကျဆင်းလာ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီကို နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပြီး ပခုက္ကူ၊ ရေနံချောင်းနှင့် ဆိပ်ဖြူဒေသများတွင် ကြက်သွန်နီသီးသန့် အရောင်းအဝယ်ပြုလုပ်သည့် ကုန်စည်ဒိုင် လည်းရှိပါသည်။ ကြက်သွန်ကုန်စည်ဒိုင်သို့ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ အနီးအနားရှိကျေးရွာ များမှလာရောက်ကာ အရောင်းအဝယ်ပြုလုပ်ကြပါသည်။ ကြက်သွန်နီ(မိုး)ပေါ်စတွင် စျေးကောင်း ရရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် စျေးကွက်ထဲသို့ ကြက်သွန်နီများစွာ ဝင်ရောက်လာသည့်အတွက် စျေးအနည်းငယ်ကျဆင်းလာပါသည်။

ကြက်သွန်နီစျေးနှုန်းများမှာ ဇန်နဝါရီလတွင် ကျပ်(၂၆၀၀/၂၇၀၀)စျေးအထိရရှိနေပြီး ယခု ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် ကျပ်(၁၄၅၀/၁၅၀၀)စျေးသာရရှိခဲ့၍ ယခင်လထက် စျေးအနည်းငယ် လျော့ကျလာပြီး စျေးကွက်ထဲသို့ တစ်ရက်လျှင်ပျှမ်းမျှ ပိသာချိန်(၄)သောင်းကျော်အထိဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News