Local News

ကြက်သွန်နီစျေးအနည်းငယ်တက်

Last Updated:

ကြက်သွန်နီစျေး အနည်းငယ်တ်

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူကုန်စည်ဒိုင်နှင့် ဆိပ်ဖြူကုန်စည်ဒိုင်တို့တွင် ကြက်သွန်နီများ ကုန်အဝင်များလာကာ စျေးနှုန်းလည်းအနည်းငယ် တက်လာပါသည်။ ပြည်တွင်းရှိ လှောင်လက်သမားများ အဝယ်လိုက်နေသလို ပြည်ပဝယ်လက်များမှလည်း အများဆုံးဝယ်ယူနေတဲ့အတွက် စျေးအနည်းငယ်မြင့် တက်နေကြောင်း သိရပါသည်။ ကြက်သွန်နီအဓိကထွက်ရှိရာ ပခုက္ကူနှင့်ဆိပ်ဖြူတို့မှ ကြက်သွန်နီများကို ရန်ကုန် ဘုရင့်နောင်နှင့် မန္တလေးတို့သို့တင်ပို့ရောင်းချကြောင်း၊ စျေးကွက်ထဲသို့ တစ်ရက်လျှင် ပိသာချိန် (4)သောင်းမှ(၅)သောင်းကြား ဝင်ရောက်နေပြီး စျေးနှုန်းများအနေဖြင့် ကြက်သွန်နီ(၁) ပိသာလျှင် လက္ကားစျေး (၁၉ဝဝ)မှ (၂ဝဝဝ)ကျပ်အထိ စျေးရရှိနေပြီး လက်လီစျေးအနေဖြင့် ကြက်သွန်နီ (၁)ပိသာလျှင် (၃ဝဝဝ)ကျပ်အထိ စျေးရရှိနေကြောင်း သိရှိရပါသည်။

                                                                                                                 ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News