Local News

ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းတွင် ပဲမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပါသည်။ အဓိကအားဖြင့် ပြည်ပပို့ကုန်ပဲများဖြစ်သည့် ပဲစဉ်းငုံ၊ ပဲတီစိမ်းနှင့်မတ်ပဲများ စိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှုအများ ဆုံးဖြစ်သည့် ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲစသည့်ပဲများလည်း အများအပြားစိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံနှင့်မတ်ပဲမှာ အိန္ဒိယမှဝယ်လိုအားရှိနေပြီး ပဲတီစိမ်းကို တရုတ်မှအဓိကဝယ်ယူနေခြင်းဖြစ်ပါ သည်။ ပို့ကုန်ပဲများအနေဖြင့် ဝယ်လိုအားကောင်းလျှင်ကောင်းသလို ဈေးကောင်းရနေပြီး ပြည်တွင်း သုံးပဲများအနေဖြင့်လည်း ပြည်တွင်းဝယ်လိုအားကြောင့် ဈေးကောင်းရရှိနေတဲ့အတွက် ပဲစိုက် တောင်သူများ ဝင်ငွေကောင်းနေပါသည်။

ပြည်တွင်းစားသုံးမှုများသည့် ပဲကြီး၊ စားတော်ပဲနှင့် ကုလားပဲအုပ်စုတို့သည် ယခုနှစ်တွင် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိနေပြီး အခြားပဲမျိုးစုံ ဈေးများထက် ဈေးပိုရနေပါသည်။ ပို့ကုန်ပဲများဖြစ်သည့် ပဲစဉ်းငုံဈေးမှာလည်း ပေါ်စမှာပင်ဈေး ကောင်းရနေပြီး ပဲတီစိမ်းနှင့် မတ်ပဲဈေးမှာလည်း ပြည်ပဝယ်လိုအားကြောင့် အမြင့်ဈေးဖြင့် အရောင်းအဝယ်သွက်နေကြောင်း သိရှိရသည်။

ဈေးနှုန်းများအနေဖြင့် ပဲကြီး(၂၀)ပိသာတစ်တင်းလျှင် ကျပ်(၁၃ဝဝဝဝ)၊ စားတော်ပဲ(၂၀) ပိသာတစ်တင်းလျှင် ကျပ်(၁၂ဝဝဝဝ)၊ မတ်ပဲ(၂၀)ပိသာတစ်တင်းလျှင် ကျပ်(၉၅၀၀၀)၊ ပဲစဉ်းငုံ(၂၀) ပိသာတစ်တင်းလျှင် ကျပ်(၁၀၇၀၀၀)၊ ကုလားပဲ(၂၀)ပိသာတစ်တင်းလျှင် ကျပ်(၉၄၅၀၀)၊ ပဲတီစိမ်း (၂၀)ပိသာတစ်တင်းလျှင် ကျပ်(၆၅၀၀၀)၊ ပဲနောက်(၂၀)ပိသာ တစ်တင်းလျှင် ကျပ်(၅၅၀၀၀) ဈေးတို့ဖြင့် ယခင်နှစ်များထက် ဈေးပိုမိုရရှိကြောင်း  ကုန်စည်ဒိုင်သတင်းများအရ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News