မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီသီးနှံ အဓိကအရောင်းအဝယ်ပြုလုပ်သည့် ဆိပ်ဖြူကုန်စည်ဒိုင်တွင် ဆောင်းကြက်သွန်နီဈေးသည် ယခုဒီဇင်ဘာလတွင် အနည်းငယ်ကျဆင်း လာပါသည်။ ယခင်နိုဝင်ဘာလတွင် အလှူအတန်းများပေါများသည့် အချိန်ဖြစ်၍ အရောင်းအဝယ် ပိုသွက်ကာ ဈေးနှုန်းလည်းမြင့်တက်ခဲ့ပါသည်။ ကုန်စည်ဒိုင်သို့ ဝင်ရောက်လာသမျှ ကြက်သွန်များ ဝင်သလောက် အရောင်းအဝယ်သွက်နေပါသည်။ ယခုအချိန်သည် ဆောင်းကြက်သွန်များ အညှောက်ပေါက်လာခြင်း၊ မိုးကြက်သွန်နီများ ထွက်ပေါ်လာခြင်းတို့ကြောင့် ဆောင်းကြက်သွန်နီ ဈေးအနည်းငယ် ကျဆင်းလာရခြင်းဖြစ်သည်။ မိုးကြက်သွန်နီများလည်း ဈေးကွက်ထဲသို့ အနည်းငယ်ဝင်ရောက်လာသော်လည်း ဆောင်းကြက်သွန်နီလောက်တော့ ကြာရှည်အထားမခံ၍ အိမ်ရှင်မများသည် ဆောင်းကြက်သွန်နီကို ပို၍ကြိုက်နှစ်သက်ကြသည်။
ဆိပ်ဖြူကုန်စည်ဒိုင်သို့ ဆောင်းကြက်သွန်နီ တစ်ရက်လျှင် ပိသာ(၃၀၀၀)ကျော်မှ ပိသာ (၅၀၀၀၀)ကျော်အထိဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါသည်။ ကြက်သွန်စျေး နှုန်းများအနေဖြင့် (၄.၁၂.၂၀၂၃)ရက်နေ့တွင် ၁ပိသာ(၂၉၀၀)ကျပ်၊ (၆.၁၂.၂၀၂၃)ရက်နေ့တွင် ၁ပိသာ (၂၉၅၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နိုဝင်ဘာလ ကာလတူဖြင့်နှိုင်းယှဉ်ပါက (၄.၁၁.၂၀၂၃)ရက်နေ့တွင် ၁ပိသာ(၃၀၅၀)ကျပ်၊ (၅.၁၂.၂၀၂၃)ရက်နေ့တွင် ၁ပိသာ(၃၁၀၀)ကျပ်ဈေး တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခင်လထက် ဈေးအနည်းငယ်ကျဆင်းကာ အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ (၆.၁၂.၂၀၂၃)ရက်နေ့ မိုးကြက်သွန်သစ် ဈေးနှုန်းများမှာ ၁၉၀ဝ၊ ၁၉၅၀၊ ၂၀၀၀ကျပ်ဈေးနှုန်းများဖြင့် ဈေးကွက်ထဲတွင် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 
                     
                     
                         
                        