Local News

ဥရောပသမဂ္ဂနိုင်ငံများသို့ မြန်မာ့ပဲတီစိမ်း တန်ချိန် ၈၀၀၀ ကျော်ခန့် နှစ်စဉ်တင်ပို့နေပြီး ယခုနှစ် ပဲတီစိမ်းတင်ပို့ရန် ကုမ္ပဏီ ၁၀ ခုကို အဆိုပြုထား

Last Updated:

မြန်မာ့ပဲတီစိမ်းကို ဥရောပသမဂ္ဂနိုင်ငံများသို့ နှစ်စဉ်တန်ချိန် ၈၀၀၀ ကျော်ခန့် တင်ပို့နေပြီး ယခုနှစ် ပဲရာသီတွင် ပဲတီစိမ်းတင်ပို့ရန် ကုမ္ပဏီ ၁၀ ခုကို အဆိုပြုထားကြောင်း ပဲတီစိမ်းတင်ပို့နေသည့် ကုမ္ပဏီများထံမှ သိရသည်။

မြန်မာ့ပဲများတင်ပို့

၂၀၂၃-၂၀၂၄ ပဲရာသီတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာ့ပဲများ တင်ပို့လိုသည့် အဆိုပြုထားသည့် ကုမ္ပဏီ ၁၀ ခုတွင် ကုမ္ပဏီအသစ် လေးခု ပါဝင်ကြောင်းလည်း သိရသည်။

ဒီနှစ်မှာ ဥရောပသမဂ္ဂနိုင်ငံကို တင်ပို့ဖို့ဆောင်ရွက်နေ

“မြန်မာ့ပဲတီစိမ်းကို ပုံမှန်အနေနဲ့ တစ်နှစ်ကို တန်ချိန် ၈၀၀၀ ကျော်ဝန်းကျင်လောက်ပို့ပါတယ်။ အရင်နှစ်တွေက နှစ်တိုင်းအမှာက ကျသွားတာမျိုးမရှိဘူး။ ဒီနှစ်မှာလည်း ဥရောပသမဂ္ဂနိုင်ငံတွေကို တင်ပို့ဖို့ဆောင်ရွက်နေပါတယ်။ ပဲရာသီအတွက် ပဲတွေလည်း စိုက်ပျိုးနေပါပြီ” ဟု ပဲတင်ပို့နေသည့် ကုမ္ပဏီများမှ သိရသည်။

ယခု ၂၀၂၃ ခုနှစ် ပဲရာသီတွင် မတ်လမှ အောက်တိုဘာလအထိ ကာလအတွင်း ဥရောပဈေးကွက်ကို ပဲတီစိမ်းတန်ချိန် ၈၀၀၀ ကျော် တင်ပို့ခဲ့ကြောင်းလည်း သိရသည်။

အောက်တိုဘာလအထိ ပဲတီစိမ်း ၇၄၀၁၃ တန် တင်ပို့ခဲ့

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက် ဖောက်ရန်အတွက် ပဲတီစိမ်းများကို နှစ်စဉ်တင်ပို့လျက်ရှိပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ စုစုပေါင်းတန်ချိန် ၇၄၀၁၃ တန် တင်ပို့နိုင်ခဲ့ကြောင်းလည်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News