mitc.myantrade.gov.mm – Website အား System Update ပြုလုပ်ရန်ရှိပါသဖြင့် ၁၇.၃.၂၀၂၅ (တနင်္လာနေ့) မှစ၍ Website အသုံးပြုမှုအား ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး Online မှ ဗီဇာသက်တမ်း တိုးထောက်ခံချက်လျှောက်ထားခြင်းများ၊ ကုန်စည်ပြပွဲဆိုင်ရာလျှောက်ထားရယူခြင်းများအား ဆောင်ရွက်၍ မရပါကြောင်းနှင့် ၁.၄.၂၀၂၅ (အင်္ဂါနေ့) မှသာ ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ Online ဖြင့်လျှောက်ထားမှုများအတွက် ငွေပေးချေမှုပုံစံအား UAB Bank ဖြင့် ချိတ်ဆက်ဆောင်ရွက် မည်ဖြစ်ပါသဖြင့် ယခင် QR Code ဖြင့် ပေးချေမှုအစား UAB Bank သို့ ငွေသားဖြင့် တိုက်ရိုက် ပေးချေခြင်း သို့မဟုတ် Online Pay System ဖြင့်သော်လည်းကောင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့