ဈေးကွက်ဈေးနှုန်း

မြန်မာလက်မှုကြိမ်ထည်ပစ္စည်းစျေးကွက်

Last Updated:

ီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဧရာကုန်သွယ်မှုဗဟိုဌာန၊ တာဝန်ခံသည် ကုန်သွယ်မှုသတင်းအချက်အလက်ဖြန့်ဝေပေးရေးနှင့် ကုန်သွယ်မှုနှင့်ပတ်သက်သော ဝန်ဆောင်မှုပ်ငန်းများ ဒေသတွင်းထုတ်ကုန်လုပ်ငန်းရှင်များနှင့် ပိုမိုထိရောက်စွာ၊ ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ၂၈.၇.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်သို့ သွားရောက်၍ ဒေသတွင်းထုတ်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။ 

ရေကြည်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးတွင် ကြိမ်၊ ဝါး လက်မှုပစ္စည်း အများဆုံးထွက်ရှိရာဒေသဖြစ်ပြီး ပြည်တွင်းပြည်ပဝယ်လက်များနှင့် ချိတ်ဆက်ဆောင်ရွက်ရောင်းဝယ်လျက်ရှိသော ဒေသလည်းဖြစ်ပါသည်။ သို့သော် ယခုအခါတွင် ဒေသတွင်းထုတ်ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ ကြိမ်၊ ဝါးလက်မှုထည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန် အရင်းအနှီး၊ နည်းပညာနှင့် ထုတ်ကုန်ပစ္စည်းဒီဇိုင်း အားနည်းချက်များကြောင့် ယခင်ကာလများထက် အရောင်းအဝယ်မဖြစ်ပဲ ပြည်တွင်းဈေးကွက်အနည်းငယ်သို့သာ တင်ပို့ရောင်းချလျက်ရှိပါသည်။

ဒေသတွင်းလုပ်ငန်းရှင်များသည် ပြည်ပဝယ်လက်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ခြင်းမရှိပဲ ပြည်ပဝယ်လက်အချိတ်အဆက်ရှိသော ကုမ္ပဏီများက ထုတ်ကုန်ပစ္စည်းဒီဇိုင်းပေး၍ လုပ်ငန်းဆောင်ရွက်ခိုင်းစေခြင်းဖြင့်သာ လက်ခစားပုံစံဖြင့် ထုတ်လုပ်ရောင်းချလျှက်ရှိပါသည်။ ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သော Glorious Company သည် ထိုင်းနိုင်ငငံတွင် ရုံးခွဲတစ်ခုဖွင့်လှစ်ပြီး ပြည်ပနိုင်ငံများမှ မှာယူသော ကြိမ်၊ ဝါးလက်မှုထည်ပစ္စည်းဒီဇိုင်း နမူနာအတိုင်း ရေကြည်မြို့နယ်ရှိ လက်မှုပညာရှင်များအား ထုတ်လုပ်စေပြီး တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသည်။ 

Glorious Company သည် လင်ပန်းပုံစံအမျိုးမျိုး၊ ဖိုင်ထည့်ခြင်းပုံစံအမျိုးမျိုးနှင့် အမှိုက်ခြင်းပုံစံအမျိုးမျိုးတို့ကို အရွယ်အစားစုံ ကုန်ပစ္စည်းအမယ်ပေါင်း (၁၀၀၀၀) ကျော်အထိ ထုတ်လုပ်လျှက် ပြည်ပနိုင်ငံများသို့ ဈေးကွက်ချိတ်ဆက်၍ တစ်လလျှင် ပျမ်းမျှကွန်တိန်နာ (၃) လုံးခန့် တင်ပို့ရောင်းချလျှက်ရှိပါသည်။ မှာယူတင်သွင်းသော နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ USA၊ ပြသစ်နှင့် ဘယ်ဂျီယံနိုင်ငံများသို့ တင်ပို့လျှက်ရှိရာ ပြင်သစ်နှင့် ဘယ်ဂျီယံနိုင်ငံများသို့ အများဆုံးတင်ပို့ရောင်းချလျှက်ရှိပါသည်။ ရေကြည်မြို့နယ်ရှိ လက်မှုပညာရှင်များကို လက်ခစားထုတ်လုပ်စေခြင်းဖြင့် ကျေးရွာပေါင်း (၂၀) ကျော်ကို အလုပ်အကိုင်ဖန်တီးပေးထားနိုင်ကြောင်း သိရှိရသည်။

အခြားသော ထုတ်ကုန်လုပ်ငန်းရှင်များအတွက်လည်း သက်ဆိုင်ရာဌာနများ၏ အကူအညီဖြင် ပြည်ပဈေးကွက်ချိတ်ဆက်ပေးခြင်း၊ နမူနာဒီဇိုင်းပေး၍ ဆောင်ရွက်စေခြင်း၊ ခိုင်မာသော ပြည်ပဝယ်လက်များ ရှာဖွေပေးခြင်းတို့ကို ဆောင်ရွက်နိုင်လျှင် ကြိမ်၊ ဝါးလက်မှုထည်အခန်းကဏ္ဍ ပြန်လည်တိုးတက်၍ ပြည်ပပို့ကုန်မြှင့်တင်ရေးကဏ္ဍတွင်လည်း အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ပါသည်။ 

 

ဧရာကုန်သွယ်မှုဗဟိုဌာန