ဈေးကွက်ဈေးနှုန်း

ဂါရဝပြုတွေ့ဆုံခြင်း

Last Updated:

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှညွှန်ကြားရေးမှူးချုပ်ဦးအောင်စိုးအား ITC မှ Mr. Aman Goel, Associate Programme Officer နှင့် Mr.Sital Kumar, Country Project Officer TIP တို့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးရာတွင် ITCသည် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (TPOs) များနှင့် ကုန်သွယ်မှုအထောက်အကူပြု လုပ်ငန်း (TSIs) များအားBenchmarking လုပ်ငန်းစဉ်များကို ပံ့ပိုးပေးနေကြောင်း၊  Benchmarking လုပ်ငန်းစဉ်တွင် Assisted Assessment နှင့် Self-Assessment (၂) မျိုးရှိကြောင်း၊ Assisted Assessment သည် သက်ဆိုင်ရာအဖွဲ့အစည်းမှ အဆင့်မြင့်အရာရှိများနှင့် တစ်ဦးချင်း တွေ့ဆုံ၍ ဆွေးနွေးမေးမြန်းခြင်းဖြစ် ပြီး၊ Self-Assessment သည် ITC Online Platform ဖြစ်သည့် www.tisibenchmarking.org တွင် free of charge ဖြင့် ဝင်ရောက်၍ မေးခွန်းများအား ဖြေကြားခြင်းဖြစ်ကြောင်း၊ အကဲဖြတ်ခြင်း (Assessment) ကို Leadership and Direction, Resources and Process, Products and Service Deliver နှင့် Measurement and Results စသည့် နယ်ပယ် (၄) ခုအပေါ်တွင် အခြေခံ၍ ဆောင်ရွက်သွားမှာဖြစ်ပြီး ၎င်းတွင် Indicator (၂၂၅) ခု ရှိမည်ဖြစ်ကြောင်း၊ Assisted Assessment လုပ်ငန်းစဉ်ပြီးဆုံးပါက ITC မှ အစီရင်ခံစာ ပြန်လည်တင်သွင်းသွားမှာဖြစ်ကြောင်း၊ Benchmarking လုပ်ငန်းစဉ်ဆောင်ရွက်ခြင်းဖြင့် အဖွဲ့အစည်းများအနေဖြင့် အားသာချက်နှင့် အားနည်းချက်များကို သိရှိနိုင်ပြီး မိမိတို့အဖွဲ့အစည်း မည်သို့ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ Benchmarking လုပ်ငန်းစဉ်ကို TIP အောက်တွင် ဆောင်ရွက်သွားမှာဖြစ်ပြီး ယခင် JICA က မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ကို ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းစဉ်နှင့် ဆင်တူကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ပညာရှင်များကို ဖိတ်ခေါ်၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုလည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည့် ရက်နှင့် နေရာတို့ကို မကြာမီအဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးကြပါသည်။

NES Unit