Local News

(၇) ကြိမ်မြောက် တရုတ် - တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ဒုတိယနေ့တွင် မြန်မာနိုင်ငံမှ ဆက်လက်ပါဝင်ပြသ

Last Updated:

နေပြည်တော်၊ ဩဂုတ် ၁၇

   (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ် မြောက်တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ ဒုတိယနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံမှ ဆက်လက်ပါဝင်ပြသခဲ့ပြီး မြန်မာနိုင်ငံပြခန်းဆောင်၌ ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေခဲ့ရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိပြီး ပြခန်းဆောင်အတွင်း ပြသထားသည့် မြန်မာနိုင်ငံ၏ အထင်ကရ ခရီးသွားနေရာများကိုလည်း ပြပွဲသို့ လာရောက်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။

   တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာသီဟိုဋ်စေ့များကို စိတ်ဝင်စားကြပြီး မြန်မာနိုင်ငံမှ သီဟိုဋ်စေ့ကုမ္ပဏီများနှင့် တွေ့ဆုံ ဆွေးနွေးလိုသဖြင့် ချိတ်ဆက်ပေးနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံပြခန်းဆောင်၏ ကုန်စည်ပြခန်းတွင် ပြသထားသည့် မြန်မာ့ ထုတ်ကုန်ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်ကမ်းစာစောင်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လက်ကမ်းစာစောင်များကို ပြပွဲသို့ လာရောက်သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြပါသည်။

   အဆိုပါကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ နေ့စဉ် ပါဝင်ပြသသွားမည်ဖြစ်ပါသည်။ မြန်မာပြခန်းဆောင်သို့ လာရောက်ကြည့်ရှုသူများမှ သိလိုသည်များကို မေးမြန်းရာ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Category: Local News