ပခုက္ကူကုန်စည်ဒိုင်၏ ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်ကျဆင်းလာသည်။ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်တွင် ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ၁၃၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၁၀၀၀ကျပ်နှင့် အသေးတစ်ပိဿာလျှင် ၈၅၀ ကျပ်တို့ဖြင့် ဈေးကွက်ထဲသို့ တစ်ရက်လျှင်ကုန်ချိန်ပိဿာ ၂၅၀၀၀ မှ ၄၀၀၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လ တတိယပတ်တွင် ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ၁၂၅၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၉၅၀ ကျပ်နှင့် အသေးတစ်ပိဿာလျှင် ၇၅၀ ကျပ်တို့ဖြင့် ဈေးကွက်ထဲသို့ တစ်ရက်လျှင်ကုန်ချိန်ပိဿာ ၁၀၀၀၀ မှ ၄၇၅၀၀ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ဒုတိယအပတ်နှင့် တတိယအပတ်တို့နှိုင်းယှဉ်ရာတွင် ကြက်သွန်နီထိပ်စတစ်ပိဿာလျှင် ၅၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၅၀ ကျပ်နှင့် အသေးတစ်ပိဿာလျှင် ၁၀၀ ကျပ်အထိ ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း ပခုက္ကူကုန်စည်ဒိုင်မှ သိရှိရသည်။
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး