Local News

ဆီကြိတ်ဖတ်ဈေးကွက်

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင် ပြည်တွင်း၌ကြိတ်ခွဲသည့် စားသုံးဆီများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို ဆီကြိတ်ခွဲရာမှထွက်ရှိလာသည့် ဆီကြိတ်ဖတ်များကို နေ့စဉ်ဈေးကွက်တစ်ခုအဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကုန်ကြမ်းဈေးအနိမ့်အမြင့် နှင့် တိရစ္ဆာန်အစာ ဈေးကွက် အပေါ်မူတည်ပြီး ကြိတ်ဖတ်ဈေးအနိမ့်အမြင့် ဖြစ်ပေါ်လျက်ရှိပြီး၊ မွေးမြူရေးအစာစက်ရုံများမှ အများဆုံး ဝယ်ယူရှိနေကြောင်းသိရသည်။

ပဲဖတ် တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ကျပ် ၅၇၀၀ မှ ၅၈၀၀၊ ယခင်တစ်ပတ် တွင် ကျပ် ၅၈၀၀၊ ယခင်လကျပ် ၅၀၀၀ မှ ၆၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၂၀၀ မှ ၇၀၀ နိမ့်ကျလာသည်။

နှမ်းဖတ် တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ကျပ် ၃၉၀၀၊ ယခင်တစ်ပတ်တွင် ကျပ် ၃၉၀၀မှ ၄၀၀၀၊ ယခင်လကျပ် ၄၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်/ယခင်လအတိုင်း ဈေးငြိမ်နေ သည်။

နေကြာဖတ် တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်/ယခင်တစ်ပတ်တွင် ကျပ် ၃၀၅၀၊ ယခင်လ ကျပ် ၃၀၀၀ မှ ၃၁၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၅၀  နိမ့်ကျလာသည်။

sorce: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News