Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၃-၁၂-၂၀၂၃)ရက်နေ့မှ (၂၅-၁၂-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့်ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ နှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ (၂၃-၁၂-၂၀၂၃)ရက်နေ့မှ (၂၅-၁၂-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီနှင့်CMP ပစ္စည်းများဖြစ်ပါသည်။

ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအားမြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

(၁၆-၁၂-၂၀၂၃ မှ ၂၂-၁၂-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ချည်ထည်များ (၀.၄၁၃) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၁၆၃) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ(၀.၁၂၈)‌ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(၀.၀၉၇)ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း(၀.၀၇၉) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၅၆) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၀၅၅) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၀၃၆) ဒေါ်လာသန်း၊ ဆပ်ပြာ(၀.၀၃၅) ဒေါ်လာသန်း၊ သားရေ၊ သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ (၀.၀၃၀) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃)ကျပ် ရှိပြီး ယခုအပတ်တွင်(၉၈.၀၃) ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေးတည်ငြိမ်လျက်ရှိပါသည်။

(၁၆-၁၂-၂၀၂၃ မှ ၂၂-၁၂-၂၀၂၃)ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(ခြောက်)  (၁) တန်လျှင် (၁၅၈၃.၁၅၂) ဒေါ်လာဖြင့်(၆၁၅.၈၆၀) တန်၊ (၀.၉၇၅) ဒေါ်လာသန်း၊ ကြက်သွန်နီ၁တန်လျှင် (၇၇၅.၁၇၉) ‌ဒေါ်လာဖြင့်(၁၀၂၉.၄၄၀) တန် (၀.၇၉၈) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၄၈၁၉၈.၀၀၀) u၊ (၀.၅၀၄) တန်လျှင် (၀.၁၅၆)ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် ၁ တန်လျှင် (၃၄၃.၉၉၃) ဒေါ်လာဖြင့် (၅၇၈.၅၀၀)တန် (၀.၁၁၉)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို)(၁)တန်လျှင်(၃၃၂.၈၈၇)ဒေါ်လာဖြင့် (၂၂၂.၂၉၈) တန် (၀.၀၇၄) ဒေါ်လာသန်း၊ချင်းခြောက် (၁) တန်လျှင် (၁၀၅၈.၈၂၄) ဒေါ်လာဖြင့် (၈.၅၀၀) တန် (၀.၀၀၉) ဒေါ်လာသန်း၊ ဆံပင် (၁) တန်လျှင် (၂၅၄၇၇.၇၁၀) ဒေါ်လာဖြင့် (၀.၃၁၄) တန် (၀.၀၀၈) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၄.၄၆၀) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၀.၇၀၅) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅.၁၆၅) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News