Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁ ရက်မှ ၂၆ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ(၁.၉၃၄) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၈.၄၀၂) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁၀.၃၃၆) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၅-၁၂-၂၀၂၃) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၅၈) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ(၂၉) တန်၊ တန်ဖိုး (၀.၀၈၁) ဒေါ်လာသန်း၊ လိမ္မော်သီး(၁၃.၂) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ(၁၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၃၀) တန် တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းစုစုပေါင်း (၀.၁၂၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၅-၁၂-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၀၅) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး(၂၅-၁၂-၂၀၂၃) ရက်တွင် ဓာတ်ဆီ (၀.၀၆၅) ဒေါ်လာသန်း၊ ဒီဇယ် (၀.၂၆၅) ဒေါ်လာသန်း၊ မီးခံအုတ် (၀.၀၄၀)ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၁၄)ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၀.၀၂၄) ဒေါ်လာသန်း၊ ​ကားတာယာ (၀.၀၀၃) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၂၅) ဒေါ်လာသန်းအပါအဝင် (၀.၅၁၄) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News