Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း တို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပို့ကုန်တန်ချိန်(၁၁၁၇)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၀၄၅)သန်းနှင့် သွင်းကုန်တန်ချိန်(၄၆၄)၊(၉၆၀၀၀)2U၊ (၇၅၀) BBL တန်ဖိုး  အမေရိကန်ဒေါ်လာ(၀.၁၉၂)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၁.၂၃၇) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ဘောင်းကြေးငါးတန်ချိန် (၁.၁၂၀)၊တန်ဖိုး အမေရိကန် ဒေါ်လာ(၁၀၀၈.၀၀)၊ (၁)တန်ဈေးနှုန်း(၉၀၀)အမေရိကန်ဒေါ်လာ၊ ငါးမုတ်မဲတန်ချိန်(၁.၂၅၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၇၇၅)၊ (၁) တန်ဈေးနှုန်း (၂၂၂၀) အမေရိကန်ဒေါ်လာ၊ ကြိမ်မွေ့တောင်းငါးတန်ချိန် (၅.၇၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၈၉၈၅.၆၀)၊ (၁)တန်စျေးနှုန်း(၁၅၆၀) အမေရိကန်ဒေါ်လာ၊ ငါးနီငယ်တန်ချိန်(၉၃.၂၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၉၇၉၄၄.၀၀)၊ (၁)တန်စျေးနှုန်း (၁၀၅၀) အမေရိကန်ဒေါ်လာ၊ တာဝမ်ငါး တန်ချိန်(၇၉.၅၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၆၂၈၂၈.၇၀)၊ (၁)တန် စျေးနှုန်း(၇၉၀) အမေရိကန်ဒေါ်လာ၊ ငါးလိုင်းဝါ တန်ချိန်(၃၄.၄၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၇၁၇၆.၀၀)၊(၁)တန်စျေးနှုန်း (၇၉၀) အမေရိကန်ဒေါ်လာ၊ ရေကြည်ငါးတန်ချိန် (၂.၆၄၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၁၉၇.၆၀)၊ (၁)တန်စျေးနှုန်း(၁၅၉၀) အမေရိကန်ဒေါ်လာ၊ ငါးစက္ကူတန်ချိန် (၁.၃၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၇၄၅.၆၀)၊ (၁)တန်စျေးနှုန်း (၂၀၈၀)အမေရိကန်ဒေါ်လာ၊ ရေဘဝဲတန်ချိန်(၂.၄၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၅၅၅.၂၀)၊ (၁)တန်စျေးနှုန်း (၂၂၄၀) အမေရိကန်ဒေါ်လာ၊ ပုစွန်တန်ချိန် (၃.၈၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၉၉၆၈.၀၀)၊ (၁)တန်စျေးနှုန်း (၅၂၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ A4 စက္ကူတန်ချိန်(၂၉)တန်၊ တန်ဖိုးအမေရိ ကန်ဒေါ်လာ(၄၂၀၀၀.၀၀)၊(၁)တန်ဈေးနှုန်း (၁၄၄၈.၂၇) အမေရိကန်ဒေါ်လာ၊ ဒီဇယ်တန်ချိန် (၁၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ  (၈၁၀၀၀.၀၀)၊ (၁) တန်ဈေးနှုန်း (၈၁၀)  အမေရိကန်ဒေါ်လာ၊ ဓါတုဗေဒပစ္စည်း တန်ချိန် (၄၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၃၂၅) အမေရိကန်ဒေါ်လာ၊ ဆား တန်ချိန် (၃၉၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၁၀၇.၄၁) အမေရိကန်ဒေါ်လာ၊ ဖိနပ် အရေအတွက် (၉၆၀၀၀၀)2U၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၀၀၀.၀၀)၊ (၁)2Uဈေးနှုန်း (၀.၁၂၅) အမေရိကန်ဒေါ်လာ၊ လျှပ်စစ်အကာ ပစ္စည်း တန်ချိန် (၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၅၀၀) အမေရိ ကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ်ရှိကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News