Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၁၈၈)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၂)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၃၀၈)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ( ၂၅ ) ရက်နေ့မှ ( ၂၆ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၇၁.၃၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၉၈)သန်း၊ ဂျင်းခရု (အရှင်) (၆.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၄)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၀.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၁)သန်း၊ ဂဏန်း(အသေ)(၂)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၂၅)သန်း၊ ရေခူဆားနယ်  (၀.၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁) သန်း၊ ရေချိုပုစွန် (၀.၁၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၃)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၇၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၉)သန်း၊ ငှက်ပျောသီး (၄၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၈)သန်း၊ ငရုတ်သီးစိမ်း (၃၄.၇၀၉)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇၄)သန်း၊ ကြက်သွန်နီ (၂၄၃.၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၄၄)သန်း၊ တံမြက်စည်း (၁၆၈၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၃)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၄၁.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၁)သန်း၊ ကြွေပြား (၈၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၁၁၈.၄၃) ဒေါ်လာနှုန်း၊ (၇၁.၃၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၉၈) သန်း၊ ဂျင်းခရု (အရှင်) (၁၅၁၆.၁၃) ဒေါ်လာနှုန်း၊ (၆.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၄) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၄၀၀၀) ဒေါ်လာနှုန်း၊ (၀.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်း၊ ဂဏန်း (အသေ) (၁၂၅၀) ဒေါ်လာနှုန်း၊ (၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၅) သန်း၊ ရေခူဆားနယ် (၂၀၀၀) ဒေါ်လာနှုန်း၊ (၀.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်း၊ ရေချိုပုစွန် (၈၆၆၆.၆၇) ဒေါ်လာနှုန်း၊ (၀.၁၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၃) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၄၁၀.၉၆) ဒေါ်လာနှုန်း၊ (၀.၇၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄၉) သန်း၊ ငှက်ပျောသီး (၃၀၆.၆၇) ဒေါ်လာနှုန်း၊ (၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၈)သန်း၊ ငရုတ်သီးစိမ်း (၇၈၉.၄၂) ဒေါ်လာနှုန်း၊ (၃၄.၇၀၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇၄) သန်း၊ ကြက်သွန်နီ (၆၇၅.၉၉) ဒေါ်လာနှုန်း၊ (၂၄၃.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၄၄)သန်း၊ တံမြက်စည်း (၁)ချောင်းလျှင် (၀.၁၉၆) ဒေါ်လာနှုန်း၊ (၁၆၈၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၃)သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - သစ်သီး (၂၄၃.၃၇) ဒေါ်လာနှုန်း၊ (၄၁.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၀၁)သန်း၊ ကြွေပြား (၁)M2 လျှင် (၂.၃၇၅) ဒေါ်လာနှုန်း၊ (၈၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉)သန်း ဖြစ်ပါသည်။ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၅-၁၂-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၂၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၀၄) ကျပ်ခန့် ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အတက်အကျမရှိပါကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News