Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲလွန်းပြာနှင့် CP ပြောင်းဖူးစေ့ ဈေးငြိမ်၍ မတ်ပဲ၊ ပဲတီစိမ်းကြီး/သေး၊ ပဲစင်းငုံ၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပြောင်းနီ၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲထိုင်ဝမ်၊ ကုလားပဲ 929 နှင့် ပဲလွန်းဖြူဈေးနှုန်းများ ဈေးမြင့်တက်နေပြီး၊ ပဲကြီးဈေး ကျဆင်းနေကြောင်းသိရသည်။ ယခုတစ် ပတ်အတွင်း သီးနှံတစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ပဲကြီး (၁၂၈၀၀၀)ကျပ်၊ မတ်ပဲ (၉၃၅၀၀-၉၆၀၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၄၈၀၀၀-၅၈၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၃၀၀၀- ၄၇၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၀၄၅၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀-၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၅၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၀၀၀) ကျပ်၊ ပြောင်းနီ (၂၄၅၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၃၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၄၅၀၀)ကျပ်၊ ကုလားပဲ 929 (၉၂၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၉၁၀၀၀)ကျပ်၊ ပဲလွန်းပြာ (၆၉၀၀၀) ကျပ်၊ ပဲလွန်းဖြူ (၅၅၀၀၀-၆၅၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၃၂၀၀၀) ကျပ်၊ မတ်ပဲ (၉၃၅၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၄၅၀၀၀-၅၁၅၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၂၀၀၀-၄၅၀၀၀)ကျပ်၊ ပဲစင်းငုံ (၉၇၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၀၀၀၀- ၅၂၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၄၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၀၀၀)ကျပ်၊ ပြောင်းနီး (၂၀၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၃၅၀၀) ကျပ်၊ ကုလားပဲ 929 (၈၉၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၈၅၀၀) ကျပ်၊ ပဲလွန်းပြာ (၆၉၀၀၀) ကျပ်၊ ပဲလွန်းဖြူ (၆၀၀၀၀-၆၄၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မတ်ပဲတစ်တင်း လျှင် (၂၅၀၀) ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၃၀၀၀-၆၅၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်း လျှင် (၂၅၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၄၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၁၅၀၀)ကျပ်၊ ကုဖြူလုံးသေး တစ်တင်းလျှင်း (၁၀၀၀)ကျပ်၊ ကုလားပဲ  929 (၃၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း (၂၅၀၀)ကျပ်၊ ပဲစင်းငုံ တစ်တင်း (၇၅၀၀)ကျပ်၊ ပဲလွန်းဖြူ တစ်တင်း (၁၀၀၀)ကျပ်နှုန်း  မြင့်တက်နေပြီး၊ ပဲကြီး တစ်တင်းလျှင် (၄၀၀၀) ကျပ်နှုန်းများ ကျဆင်းနေကြောင်း သိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News