Local News

ဆန်နှင့် သစ်သီးဝလံဈေးနှုန်းတည်ငြိမ်နေပြီး မတ်ပဲ၊ မြေပဲနှင့် ရေထွက်ကုန်ဈေးမြင့်တက်မှုအခြေအနေ

Last Updated:

၂၀၂၃ ဒီဇင်ဘာလ ၂၇ ၊ မော်လမြိုင်ကုန်စည်ဒိုင် ကုန်ဈေးနှုန်းပေါက်ဈေးမှာ ၁၀၈ ပေါင် ‌ဆန်တစ်အိတ် (အမြင့်)ဈေးနှုန်း ဧည့်မထ ကျပ် ၇၁၀၀၀၊ ပေါ်ကျွဲ ၁၀၂၅၀၀၊ ပေါ်ဆန်းမွှေး ၁၂၅၀၀၀၊ ၂၀ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်း ပဲတီစိမ်း ကျပ် ၅၉၀၀၀၊ မတ်ပဲ ၉၆၀၀၀၊ ပဲလွန်းဖြူ(အသစ်) ၆၅၀၀၀၊ ဗိုလ်ကိတ်(အသစ်) ၇၀၀၀၀၊ ပဲပုတ် ၆၆၀၀၀၊ မြေပဲ ၁၃၀၀၀၀၊ သစ်သီးဝလံတွင် ပန်းရောင်ကျွဲကောသီး ကျပ် ၁၀၀၀ မှ ၃၀၀၀၊ ကျွဲကောသီးအဖြူ ၁၀၀၀ မှ ၂၀၀၀၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်း ငါးဒန် ကျပ် ၃၈၀၀၊ ငါးသလောက် ၁၀၅၀၀၊ ငါးမြစ်ချင်း  ၅၅၀၀၊ တီလားဗီးရား ၇၇၀၀၊ ကကတစ် ၁၃၃၀၀၊ ငါးပုတ်သင်(ငါးဗျက်) ၇၅၀၀၊ ပုဇွန်ပျော့ ၁၉၃၀၀ မှ ၂၅၀၀၀ နှင့် ရေချိုပုဇွန်ထုပ်(စိမ်း) ၄၀၀၀၀ မှ ၆၁၅၀၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရသည်။

ယခင်ပတ် ဒီဇင်ဘာလ ၂၀ နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ၁၀၈ပေါင် ဆန်တစ်အိတ်ဈေးနှုန်း တည်ငြိမ်နေပြီး၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းတွင် မတ်ပဲ ၁၀၀၀ နှင့် မြေပဲ ၁၂၀၀၀ ကျပ် ဈေးနှုန်း မြင့်တက်နေကြောင်း သစ်သီး၀လံ ဈေးနှုန်းတည်ငြိမ်နေသော်လည်း ရေထွက်ကုန်များမှာ ငါးဒန် ကျပ် ၂၀၀၊ ငါးသလောက် ၅၀၀၊ ငါးမြစ်ချင်း ၂၀၀၊ တီလားဗီးရား ၁၂၀၀ ဈေးနှုန်း မြင့်တက်နေကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သတင်းရရှိသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News