International News

ဂျပန်ကုမ္ပဏီများအနေဖြင့် ကမ္ဘောဒီးယားမှ သီဟိုဌ်စေ့နှင့် ငြုပ်ကောင်းထုတ်ကုန်များ တိုးမြင့်ဝယ်ယူလိုကြောင်း ဆွေးနွေးခဲ့

Last Updated:

ဂျပန်-ကမ္ဘောဒီးယားလွှတ်တော်များ ချစ်ကြည်ရေးအသင်း၏ ဂျပန်ဘက်မှ ဥက္ကဌဖြစ်သူ အီမမူရာ မာဆာဟီရိုသည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက်နှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က အလုပ်သဘောတွေ့ဆုံရာတွင် ဂျပန်ကုမ္ပဏီများသည် ကမ္ဘောဒီးယားမှ သီဟိုဌ်စေ့နှင့်ငြုပ်ကောင်း ထုတ်ကုန်များ တိုးမြှင့်ဝယ်ယူလိုပါကြောင်း ပြောကြားခဲ့ပါသည်။

အီမာမူရာက နှစ်ဖက်လွှတ်တော်များသည် ဂျပန်ရှိ ကမ္ဘောဒီးယားသံရုံးမှတဆင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာ၊ ကျန်းမာရေး၊ စွမ်းအင်၊ မိုင်းတားဆီးရေးနှင့်မပေါက်ကွဲသေးသော လက်နက်များ ရှာဖွေရေးကိစ္စများတွင် အဓိကပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာကဏ္ဍတွင် ဂျပန်ကုမ္ပဏီများသည် ကမ္ဘောဒီးယားမှ သီဟိုဌ်စေ့နှင့်ငြုပ်ကောင်း ထွက်ကုန်များ တိုးမြှင့်ဝယ်ယူလိုပါကြောင်း တင်ပြခဲ့ပါသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က ၂၀၂၃ခုနှစ်သည် ကမ္ဘောဒီးယား-ဂျပန် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ် ၇၀ ပြည့်မြောက်ပီဖြစ်ပြီး နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို မဟာဗျူဟာမြောက် အလုံးစုံပူးပေါင်း ဆောင်ရွက်ရေးအဖြစ် အဆင့်မြင့်တင်နိုင်ခဲ့သဖြင့် ထူးခြားသော နှစ်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံသည် ကမ္ဘောဒီးယား ငြိမ်းချမ်းရေးရချိန်မှစ၍ တိုင်းပြည်တည်ဆောက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး ကူညီပံ့ပိုးမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ပြည်သူမှ ပြည်သူသို့ဆက်ဆံရေးများ တိုးတက်အောင်မြင်မှုများအတွက်လည်း ဂုဏ်ယူပါကြောင်း၊ ကမ္ဘောဒီးယားအစိုးရ၏ ဂျပန်အပေါ် သဘောထားအမြင်သည် ပြီးခဲ့သည့်နှစ်များ အတိုင်းဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ရှိရင်းစွဲဆက်ဆံရေးများ တသမတ်တည်းရှိရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: www.khmertimes.com

Source: https://commerce.gov.mm

Category: International News