Local News

ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှုနှင့် စျေးနှုန်းစျေးကွက်

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် နှစ်ရှည်သီးနှံဖြစ်သော ထောပတ်သီးနှံကို ကျေးရွာအုပ်စု ၁၃ စု၊ တောင်သူဦးရေ ၁၈၅ ဦးမှ စိုက်ဧကပေါင်း ၆၅၅.၉၄ ဧက စိုက်ပျိုးလုပ်ကိုင် လျက်ရှိကြောင်း၊ မျိုးအနေဖြင့် ဒေသမျိုးများဖြစ်သော မြောက်ကျွန်းသူ ၁၊ အစေ့မဲ့မျိုးများ၊ အမရာ မျိုးနှင့် အခြားမျိုးများစွာ စိုက်ပျိုးထားရှိပြီး နိုင်ငံခြားမျိုးများဖြစ်သော ပီတာဆန် (Petrsan) ၊ Russei 034/024၊ ဘာကေးနီးယား (Buccaneer)၊ ဘွတ်-7(Boolt-7)၊ ပင်ကာတန်(Pinkertal)၊ ဟက်စ် (Hass)စသည့်မျိုးများကို ပြည်ပတင်ပို့နိုင်ရန်အတွက် တိုးချဲ့စိုက်ပျိုးလာကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် ထောပတ်အစေ့စိုက်ပျိုးပင်နှင့် ကိုင်းကူးပျိုးပင်များကို အပင်ရေ ၈၀ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးသည့်စနစ်မှာ ပင်ကြား၊ တန်းကြား ၂၅'×၂၅' ပတ်လည်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အစေ့စိုက်ပျိုးပင်မှာ စိုက်ပျိုးပြီး ၅ နှစ်အကြာတွင်လည်းကောင်း၊ ကိုင်းကူးပျိုးပင်မှာ စိုက်ပျိုးပြီး ၃ နှစ် အကြာတွင်လည်းကောင်း အသီးစတင်သီးပြီး နိုဝင်ဘာလမှဖေဖော်ဝါရီလအတွင်း ထွက်ပေါ်လေ့ရှိကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ထောပတ်သီးအလုံးရေ ၅၃၆၀ လုံးခန့်ရရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် သိန်း ၄၀ ကျပ်ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ဒေသသီး တစ်လုံးလျှင် ၂၅၀-၆၀၀ ကျပ်၊ နိုင်ငံခြားမျိုး ဟက်စ်(Hass) 1Kg လျှင် ၅,၀၀၀-၉,၀၀၀ ကျပ်ဖြင့် ပြည်တွင်းစျေးကွက်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းအပြင် မန္တလေး၊ ရန်ကုန်၊နေပြည်တော်နှင့်နယ်မြို့များသို့ တင်ပို့လျက်ပြီးပြည်ပသို့ တင်ပို့ရောင်းချနိုင် ရန်ကြိုးစားလျက်ရှိကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းထံမှ သိရှိရသည်။

Source: DOCA (မန္တလေး)

Source: https://commerce.gov.mm

Category: Local News