Local News

နှမ်းစျေးများငြိမ်ကာ ပဲမျိုးစုံစျေးအနည်းငယ်ကျ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ အောင်လံကုန်စည်ဒိုင်တွင် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံတို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုရက်ပိုင်းတွင် နှမ်းစျေးများငြိမ်လျက်ရှိပြီး ပဲမျိုးစုံစျေးများမှာ အကျဘက်သို့ဦးတည်နေပါသည်။ 
ဖေဖေါ်ဝါရီလ တတိယပတ်တွင် ပဲစင်းငုံ(နီ)စျေးမှာ ၂၀ ပိဿာတစ်တင်းလျှင် ကျပ် (၁၂၅၅၀၀)၊ မတ်ပဲစျေးမှာ ၂၀ ပိဿာတစ်တင်းလျှင် ကျပ်(၉၈၀၀၀)၊ ပဲတီစိမ်းစျေးမှာ ၂၀ ပိဿာ တစ်တင်းလျှင် ကျပ်(၇၀၀၀၀)၊ ပဲနောက်စျေးမှာ ၂၀ပိဿာတစ်တင်းလျှင် ကျပ်(၆၁၀၀၀)၊ ကုလားပဲ(HL) စျေးမှာ ကျပ်(၉၆၀၀၀)၊ ကုလားပဲ(မြကြေး)စျေးမှာ ကျပ်(၉၆၀၀၀)၊ ပဲကြီးစျေးမှာ  ကျပ် (၁၂၄၅၀၀)၊ ဘိုကိတ်ပြာစျေးမှာ ကျပ်(၇၀၀၀၀)စျေးအထိရရှိခဲ့ပါသည်။ 
ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်တွင် ပဲစင်းငုံ(နီ)စျေးမှာ ၂၀ ပိဿာတစ်တင်းလျှင် ကျပ်(၁၁၇၀၀၀)၊ မတ်ပဲစျေးမှာ ၂၀ ပိဿာတစ်တင်းလျှင် ကျပ်(၉၃၀၀၀)၊ ပဲတီစိမ်းစျေးမှာ ၂၀ ပိဿာတစ်တင်းလျှင် ကျပ်(၆၈၀၀၀)၊ ပဲနောက်စျေးမှာ ၂၀ ပိဿာတစ်တင်းလျှင် ကျပ်(၅၈၀၀၀)၊ ကုလားပဲ(HL)စျေးမှာ ကျပ်(၈၆၀၀၀)၊ ကုလားပဲ(မြကြေး)စျေးမှာ ကျပ်(၈၅၀၀၀)၊ ပဲကြီးစျေးမှာ ကျပ်(၉၆၀၀၀)၊ ဘိုကိတ်ပြာစျေးမှာ ကျပ်(၆၈၀၀၀)စျေးအထိသာရရှိသည့်အတွက် ဖေဖေါ်ဝါရီလ တတိယပတ်နှင့် နှိုင်းယှဉ်ပါက စျေးကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News