Local News

ကြက်သွန်နီစျေးပြန်တက်လာ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း မိုးကြက်သွန်နီများ စျေးကွက်ထဲသို့ အများအပြားဝင်ရောက် လာနေပါသည်။ ကြက်သွန်နီအဓိကစိုက်ပျိုးထွက်ရှိရာ ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေနံချောင်းနှင့် မင်းဘူး ဒေသတို့မှ ကြက်သွန်နီများ စျေးကွက်ထဲသို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မိုးကြက်သွန်နီပေါ်စတွင် စျေးရရှိသော်လည်း စျေးကွက်ထဲသို့ အများအပြားဝင်ရောက်လာချိန်တွင် စျေးကျဆင်းသွားကာ ယခုလက်ရှိအချိန်မှာ ပြည်ပဝယ်လိုအားရှိနေတဲ့အတွက် စျေးပြန်လည်မြင့် တက်လာပါသည်။

မိုးကြက်သွန်နီပေါ်စ ဒီဇင်ဘာလတွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၇၀၀)ထိ စျေးရရှိခဲ့ပြီး လှိုင်လှိုင်ပေါ်ချိန်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၅၀၀)‌စျေးသာရရှိခဲ့ကာ ယခုအချိန် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် ပြည်ပဝယ်လိုအားရှိနေ၍ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၈၀၀) စျေးထိ စျေးပေးဝယ်ယူနေသဖြင့် ကြက်သွန်စိုက်တောင်သူများ အဆင်ပြေလျက်ရှိနေပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News