Local News

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ့ကြက်သွန်နီ တန်ချိန် ၂၀၀ ဝယ်ယူမည်

Last Updated:

ဘင်္ဂလားဒေ့ရှ်အစိုးရက ကြက်သွန်နီတန်ချိန် (၂၀၀) ကို မြန်မာနိုင်ငံကနေ ဝယ်ယူတင်သွင်းဖို့ ခွင့်ပြုပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ အစိုးရက တင်သွင်းခွင့်ပြုတဲ့ ကြက်သွန်နီတန်ချိန် (၂၁,၅၈၀) ထဲက မြန်မာနိုင်ငံအနေနဲ့ ခွဲတမ်းအဖြစ် တန်ချိန် (၂၀၀) တင်ပို့ခွင့် ရရှိခဲ့ပါတယ်။

အိန္ဒိယနို်ငငံဘက်က ကြက်သွန်နီတင်ပို့မှုအပေါ် အခွန် (၄၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမှုကြောင့် ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းတွေ မြင့်တက်လာခဲ့ပြီးနောက် ယခုလို မြန်မာအပါအဝင် နိုင်ငံ (၉) ခုကနေ တင်သွင်းမယ့် ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့တာပါ။ မြန်မာနိုင်ငံကလည်း ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ကြက်သွန်နီတန်ချိန် (၁) သိန်းကျော်အထိ တိုးမြှင့်တင်ပို့နိုင်ဖို့ ရည်မှန်းထားပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ကြက်သွန်နီဈေးက တစ်ပိဿာကို အမြင့်ဆုံး ကျပ် (၃၅၀၀) အထိ ဈေးရနေပြီး ဇူလိုင်လဆန်း ဈေးနှုန်းထက် တစ်ပိဿာ ကျပ် (၁၃၀၀) ကျော်အထိ မြင့်တက်လာပါတယ်။ စီးပွားရေး‌နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပြည်ပဈေးကွက်ထံ ကြက်သွန်နီတန်ချိန် (၉၄၀၀၀) ခန့် တင်ပို့နိုင်ခဲ့ပြီး အဲ့ဒီကနေ အမေရိကန်ဒေါ်လာ (၄၁) သန်းကျော် ရရှိထားပါတယ်။

မြန်မာ့ကြက်သွန်နီ အဓိကဝယ်ယူနေတဲ့ ဖောက်သည်နိုင်ငံတွေထဲမှာ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ စင်ကာပူနဲ့ အမေရိကန်နိုင်တွေ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကြက်သွန်စိုက်ဧက (၁၇၀၀၀၀) ကျော်ရှိပြီး ထုတ်လုပ်မှုတန်ချိန် (၁) သန်းခန့် ရှိကြောင်း သိရှိရပါသည်။ 

Source: https://t.me/htwettoe

Category: Local News