Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ဈေးနှုန်းယခင်တစ်ပတ်ထက်ဈေးမြင့်လာ

Last Updated:

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ် နှင့်အညာဒေသဘက်မှ ပြောင်းဖူးစေ့များ ဝင်ရောက်လျှက်ရှိနေသည်။ တရုတ်ဝယ်လက်မှ ဝယ်ယူမှုရှိခြင်း၊ မွေးမြူရေးအစာစက်ရုံများမှ ဝယ်ယူမှုရှိခြင်းတို့ကြောင့် ပြောင်းဖူးစေ့ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၂၀၀၀ မှ ၅၃၀၀၀  ၊ ယခင်တစ်ပတ် ကျပ် ၅၁၅၀၀ မှ ၅၂၀၀၀ ၊ယခင်လ ကျပ် ၅၅၅၀၀ မှ ၅၆၀၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက် ကျပ် ၅၀၀ မှ ၁၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၃၀၀၀ မှ ၃၅၀၀ နိမ့်ကျလာသည်။

စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၂၀၀၀ မှ ၅၃၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၅၁၀၀၀ မှ ၅၂၀၀၀၊ ယခင်လ ကျပ် ၅၅၅၀၀ မှ ၅၆၀၀၀ ဖြစ်သည်။   ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၃၀၀၀  မှ ၃၅၀၀ နိမ့်ကျလာသည်။

ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်း မှာ ယခုတစ်ပတ် ကျပ် ၅၁၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၅၀၅၀၀ မှ ၅၀၀၀၀ ၊ ယခင်လ ကျပ် ၅၃၅၀၀ မှ ၅၄၀၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက်ကျပ် ၅၀၀ မှ ၁၀၀၀ မြင့်တက်လာပြီး ၊ ယခင်လထက်  ကျပ် ၂၅၀၀ မှ ၃၀၀၀ နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News