Local News

မန္တလေးကုန်စည်ဒိုင်၏ မြေပဲဆန်ဈေးနှုန်းဆက်တိုက်ကျဆင်းလာ

Last Updated:

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ကျောက်ပိတောင်း၊ မကွေး၊ အောင်လံ၊ တပ်ကုန်း ဘက်မှ မြေပဲဆန်အသစ်များ ဝင်ရောက်နေကြောင်း သိရသည်။ မြေပဲလုံးဆန်များကို တရုတ်ဝယ်လက်မှ ဝယ်ယူမှု နည်းခြင်း၊ ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူမှုအေးခြင်းတို့ကြောင့် မြေပဲဈေးနှုန်း ဆက်တိုက်ကျဆင်း လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

မြေပဲလုံးဆန် (နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၅၀၀၀ မှ ၅၅၀၀၊ ယခင်တစ်ပတ်ကျပ် ၅၅၀၀ မှ ၅၈၀၀၊ ယခင်လကျပ် ၇၅၀၀ မှ ၈၃၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀ မှ ၅၀၀၊ ယခင်လထက်ကျပ် ၂၅၀၀ မှ ၂၈၀၀ နိမ့်ကျလာသည်။

 မြေပဲလုံးဆန် (ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခု တစ်ပတ် ကျပ် ၅၈၀၀ မှ ၆၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၉၀၀ မှ ၆၁၀၀၊ ယခင်လ ကျပ် ၆၈၀၀ မှ ၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀  ၊ ယခင်လထက် ကျပ်  ၁၀၀၀ နိမ့်ကျလာသည်။

S1 ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၅၃၀၀ မှ ၅၅၀၀၊ ယခင်တစ်ပတ်ကျပ် ၅၄၀၀ မှ ၅၇၀၀၊ ယခင်လကျပ် ၆၃၀၀ မှ ၆၆၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၂၀၀ ယခင်လထက်ကျပ် ၁၀၀၀ နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး 

Category: Local News