Local News

ကရင်ပြည်နယ်တွင် ရော်ဘာအစေးခြစ်လုပ်ငန်းများစတင် တောင်သူများဈေးကောင်းရ

Last Updated:

မိုးကာလ ခြံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်၍ ကာလအတန်ကြာရပ်နားထားသော ကရင်ပြည်နယ်ရှိ ရော်ဘာစိုက်ပျိုးရေးခြံများမှာ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ၂၀၂၃-၂၀၂၄ နိုဝင်ဘာလဆန်းမှစ၍ ရော်ဘာအစေးခြစ်လုပ်ငန်းများ ပြန်လည်စတင်လျက်ရှိပြီဖြစ်ကြောင်း ရော်ဘာစိုက်တောင်သူ ဦးဝေလင်းအောင်ထံမှ သိရသည်။

ကရင်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးသည့်ဧကက ပြည်နယ်ချုပ် ၂၇၁၂၇၁ ဧကဖြစ်၍ အစေးလှီးဧက ၂၆၀၄၈၁ ဧက ဖြစ်ကြောင်းနှင့် တစ်ဧကအထွက်နှုန်းမှာ တစ်နှစ်  ၁၅၈.၅၄ ပေါင်ရှိပြီး ပြည်နယ်ချုပ် စုစုပေါင်း အထွက်တန် ၁၈၇၃၇ တန်ထွက်ရှိကြောင်း၊ ကရင်ပြည်နယ်ဒေသထွက် ရော်ဘာဈေးနှုန်းများမှာ ယခင်နှစ်က Rss 3 တစ်ပေါင်လျှင် ၁၄၃၀ ကျပ်ဈေးနှုန်းဖြင့် ဈေးပိတ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ရာသီဈေးအဖွင့်မှာ တစ်ပေါင်လျှင် ၁၈၀၀ ကျပ်နှုန်းဖြင့် ဈေးဖွင့်ခဲ့ကြောင်းနှင့် လက်ရှိ Rss 3 ၁ပေါင်ဈေးနှုန်းမှာ ၁၅၅၀ ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ရာသီပေါ် အဖွင့်ဈေးမှာပင် ယမန်နှစ်ထက် ဈေးပိုရကြောင်း သတင်းရရှိသည်။

Source: https://www.doca.gov.mm

Category: Local News