International News

စားတော်ပဲတင်သွင်းသူများလိုက်နာရမည့် မှတ်ပုံတင်လုပ်ထုံးလုပ်နည်းများအား အိန္ဒိယအစိုးရမှထုတ်ပြန်ခဲ့

Last Updated:

သွင်းကုန်စောင့်ကြပ်ကြည့်ရှုသည့်စနစ်အရ စားတော်ပဲတင်သွင်းသူများလိုက်နာရမည့် မှတ်ပုံတင်လုပ် ထုံးလုပ်နည်းများကို အိန္ဒိယအစိုးရက ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေငြာခဲ့ပါသည်။ နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာနက သွင်းကုန်လုပ်ငန်းရှင်များသည် ဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်မှတဆင့် ရူပီး ၅၀၀ ပေးသွင်းကာ အလိုအလျောက်မှတ်ပုံတင်နံပါတ် ရယူနိုင်ကြောင်း ဆိုသည်။

သွင်းကုန်မရောက်မီ အနည်းဆုံးငါးရက်အလိုတွင် မှတ်ပုံတင်နံပါတ် လျှောက်ထားရန်လိုပြီး ရရှိလာသော မှတ်ပုံတင်နံပါတ်ကို အကောက်ခွန်ရှင်းလင်းရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာအာဏာပိုင်များသို့ တင်ပြရမည်ဖြစ်သည်။ အဆိုပါမှတ်ပုံတင်နံပါတ်သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ရောက်ရှိမည့် သွင်းကုန်များအတွက် အကျုံးဝင်မည်ဖြစ်ပါသည်။ ထို့ပြင် အဆိုပါ မှတ်ပုံတင်နံပါတ်ကို ပင်ရင်းဒေသတစ်ခုနှင့် ရောက်ရှိမည့်ဆိပ်ကမ်းတစ်ခုအတွက်သာ အသုံးပြုရမည်ဖြစ်ပါသည်။

အိန္ဒိယသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၀.၁၄ သန်းရှိ စားတော်ပဲများ ကို ရုရှားတစ်နိုင်ငံတည်းမှ တင်သွင်းခဲ့ပါသည်။

Source: https://www.business-standard.com

Source: https://commerce.gov.mm

Category: International News