Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၃၅၇) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၁၆) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၃၇၃)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ (၂၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၃၁.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉၆)သန်း၊ ဂျင်းခရု (အရှင်) (၁.၆) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၄)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃.၀၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၇)သန်း၊ ကင်းမွန် (၀.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၉)သန်း၊ ဂဏန်း (အသေ) (၂.၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၉)သန်း၊ ရေချိုပုစွန် (၀.၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၉)သန်း၊ ရေခူဆားနယ် (၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၈)သန်း၊ ပုစွန်ငါးပိ (၄.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၇၈)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၁၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၄) သန်း၊ ငရုတ်သီးစိမ်း (၅၄.၇၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၃၄)သန်း၊ ကြက်သွန်နီ (၇၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄၇)သန်း၊ ဓနိဖက် (၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈)သန်း၊ တံမြက်စည်း (၉၀၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၈)သန်းတင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများ မှာ သစ်သီး (၂.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၇)သန်း၊ Gypsum Board (၅)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၀၀၉)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း မှာ - ငါးမျိုးစုံ (၉၃၈.၁၉) ဒေါ်လာနှုန်း၊ (၃၁.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉၆)သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၀) ဒေါ်လာနှုန်း၊ (၁.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၄) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၃၆.၀၇) ဒေါ်လာနှုန်း၊ (၃.၀၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၇) သန်း၊ ကင်းမွန် (၁၈၀၀) ဒေါ်လာနှုန်း၊ (၀.၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၉) သန်း၊ ဂဏန်း (အသေ) (၁၃၄၄.၈၃) ဒေါ်လာ နှုန်း၊ (၂.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၉) သန်း၊ ရေချိုပုစွန် (၉၀၀၀) ဒေါ်လာနှုန်း၊ (၀.၁) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၀၉) သန်း၊ ရေခူဆားနယ် (၁၉၀၀) ဒေါ်လာနှုန်း၊ (၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၈) သန်း၊ ပုစွန်ငါးပိ (၁၇၃၃.၃၃) ဒေါ်လာနှုန်း၊ (၄.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၈) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၅၀၀၀) ဒေါ်လာနှုန်း၊ (၀.၁၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄) သန်း၊ ငရုတ်သီးစိမ်း(၇၉၂.၆၉) ဒေါ်လာနှုန်း၊ (၅၄.၇၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၃၄) သန်း၊ ကြက်သွန်နီ (၃၅၂.၈၆) ဒေါ်လာနှုန်း၊ (၇၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄၇) သန်း၊ ဓနိဖက် (၁၃၃.၃၃) ဒေါ်လာ နှုန်း၊ (၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈) သန်း၊ တံမြက်စည်း (၁)ချောင်းလျှင်  (၀.၂) ဒေါ်လာနှုန်း၊ (၉၀၀၀) U၊  တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၈) သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - သစ်သီး (၂၈၀) ဒေါ်လာနှုန်း၊ (၂.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၇)သန်း၊ Gypsum Board (၁၈၀) ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၉)သန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၉-၀၁-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ်(၁) သိန်းလျှင် ဘတ် (၁၀၁၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၉.၀၁) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News