Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့မှ (၂၉)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁)တန်လျှင် (၉၀၉) ဒေါ်လာနှုန်းဖြင့်(၃၃၀) တန်၊ တန်ဖိုး (၀.၃၀၀)နှင့် ငါးကြိတ်သား (၁)တန်လျှင်(၁၈၅၃)ဒေါ်လာနှုန်းဖြင့် (၁၈) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်းတို့အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်များလျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၃၃၃) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့မှ (၂၉)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းနှိုင်မှုမရှိခဲ့ပါ။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၀၀) ကျပ်နှင့် ဒီဇယ် (၁)လီတာ (၂၈၈၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News