Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့်ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၄ ခုနှစ်(ဇန်နဝါရီလ၂၉ရက်ထိ) ပို့ကုန်ကန်ဒေါ်လာ(၃.၃၇၅)သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၇.၅၁၄) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၁၀.၈၈၉)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၉-၁-၂၀၂၄)ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၉၆၅.၇၅၀)တန်၊ တန်ဖိုး(၀.၂၃၂) ဒေါ်လာသန်း၊ ထောပတ်သီး(၁၄၇)တန်၊ တန်ဖိုး (၀.၀၈၂) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၁၅)တန်၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ(၁၆) တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ လိမ္မော်သီး (၂၆.၄)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ(၂၈)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စုစုပေါင်း(၀.၃၉၀)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၉-၁-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၉၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး(၂၉-၁-၂၀၂၄) ရက်တွင် ဓါတ်ဆီ (၀.၁၅၂) ဒေါ်လာသန်း၊ ဒီဇယ် (၀.၁၁၂)ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၂၈) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၃၈) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၃၀)ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၁၆) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၇၈)ဒေါ်လာသန်းအပါအဝင် (၀.၅၅၄) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News