Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၈-၁-၂၀၂၄) မှ (၂၉-၁-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၁၉၉.၅၀) တန်၊ တန်ဖိုး (၀.၁၁၃) ဒေါ်လာသန်း၊ ဆန်ကွဲ (၄၃၁.၅၀) တန်၊ တန်ဖိုး (၀.၁၈၈) ဒေါ်လာသန်း၊ ပဲတီနီ(၃၃.၀၀)တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ ပဲယင်း(၆၅.၅၀)တန်၊ တန်ဖိုး(၀.၀၅၁)ဒေါ်လာသန်း၊ဖရဲသီး(၃၃.၀၀)တန်၊ တန်ဖိုး(၀.၀၀၅) ဒေါ်လာသန်း၊ ကြံ(၈၅၅.၀၀) တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၁၆၀၀.၀၀)တန်၊ တန်ဖိုး(၀.၅၇၉)ဒေါ်လာသန်း၊ ALUMINIUN SCRAP (၂၂.၁၈၂)တန်၊ တန်ဖိုး(၀.၀၃၄)ဒေါ်လာသန်း၊ မြေပဲဆံ(၈၀.၀၀) တန်၊ တန်ဖိုး (၀.၀၈၈) ဒေါ်လာသန်း၊ ကြိမ်(၃၀.၀၀)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊ ဝါး(၉.၀၀)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၂၆၁.၁၀၀)တန်၊ (၄၂၀၀၀) U၊ တန်ဖိုး(၀.၂၄၀)ဒေါ်လာသန်း၊ ဂျပ်ဖာ(၉၉.၀၀)တန်၊ တန်ဖိုး(၀.၀၃၈)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး(၁၄.၉၀)တန်၊ (၉၈၅၀)U၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ တစ်ရှူး(၁၇.၅၀)တန်၊ တန်ဖိုး(၀.၀၁၄)ဒေါ်လာသန်း၊ ကုန်စုံ(၄၆၆.၈၅) တန်၊ (၈၃၁၂၈)U၊ (၉၃၀၀)PAIR၊ တန်ဖိုး (၀.၃၅၀) ဒေါ်လာသန်း၊ချည်(၅၆.၀၀)တန်၊ တန်ဖိုး(၀.၀၃၂)ဒေါ်လာသန်း၊ အိပ်ယာခင်း (၁၈.၅၀)တန်၊ (၉၇၀၀)U၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ သံပိုက်(၄၈.၀၀)တန်၊ တန်ဖိုး(၀.၀၃၅)ဒေါ်လာသန်း၊ စောင်(၁၁.၀၀)တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ စက္ကူ(၆.၅၀)တန်၊ (၀.၀၀၂) ဒေါ်လာသန်း၊ မြက်ခင်းတု(၇.၂၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ကြက်အူချောင်း(၅၀.၄၀)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး -လက်ပံလှ - ဗန်းမော် -မိုးမောက်(ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့်၂၇-၁-၂၀၂၄ ရက်နေ့မှာတော့ (၁) ယွမ်လျှင် (၄၆၅) ကျပ်ဖြစ်ခဲ့ပြီး ၂၉-၁-၂၀၂၄ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News