Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၇.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၉.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ ဇန်နဝါရီလ(၂၉) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၃၀.၁၅၂) ဒေါ်လာသန်း၊ သွင်းကုန်(၂.၇၈၇)ဒေါ်လာသန်း၊ စုစုပေါင်း(၃၂.၉၃၉)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၆၈.၉၁၈%)ဆောင်ရွက်နိုင်ခဲ့သဖြင့် ဇန်နဝါရီလ၏ ကုန်သွယ်မှုလျာထားချက်အပေါ် ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဇန်နဝါရီလ (၂၉)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ မြေပဲဆံ၊ ရော်ဘာ၊ ငရုတ်သီး၊ ကြက်သွန်နီနှင့် ိိနှမ်းနက်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန် အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်မှ (၂၉) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၂၂၅) တန်၊ တန်ဖိုး (၁.၄၆၃) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၂၅) တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ငရုတ်သီး တင်ပို့မှု အနေဖြင့် တန်ချိန် (၁၅၃) တန်၊ တန်ဖိုး(၀.၀၉၄)ဒေါ်လာသန်း၊ ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တန်ချိန် (၁၀၃) တန်၊ တန်ဖိုး (၀.၀၄၈)ဒေါ်လာသန်းနှင့်ရွှေဖရုံသီး တင်ပိုမှုအနေဖြင့် တန်ချိန် (၄၀)တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ Artificial Grass ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၁၁၅) တန်၊ တန်ဖိုး (၀.၁၁၇) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၁၁၀) တန်၊ တန်ဖိုး (၀.၀၈၆) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၅၂) တန်၊ တန်ဖိုး (၀.၀၄၀) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News