Local News

တမူးနယ်စပ်တွင် ဖြစ်ပေါ်နေသော ကုန်သွယ်မှုနှင့် ကုန်စျေးနှုန်းအခြေအနေ

Last Updated:

          တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ် ၊ ‌မေလ (၂၀) ရက်နေ့မှ (၃၁)ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၄၉ဒေါ်လာသန်း၊ သွင်းကုန်ပိုင်းတွင် ဆံပင်၀.၀၁၆ ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏ စုစုပေါင်းတန်ဖိုး (၀.၀၆၅) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။ မေလ (၃၁)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ ဒေါ်လာ (၂၇၉၄) ကျပ်၊ ၁ ဒေါ်လာ (၈၇.၃၁) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။

          တမူးမြို့၏အခြေခံစားသုံးကုန်စျေးနှုန်းများမှာ ဧည့်မထဆန်တစ်အိတ် (၈၅၀၀၀) ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ် (၁၂၇၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာ (၁၂၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၉၀၀၀) ကျပ်၊ ကြက်ဥ (၁) လုံး (၂၈၀) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ (၇၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၃၀၀၀) ကျပ်၊ ငရုပ်သီးတစ်ပိဿာ (၁၇၀၀၀) ကျပ် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အပတ်စဉ် အများဆုံးတင်ပို့တင်သွင်းသည့် ပို့ကုန်/သွင်းကုန်(၁၀)မျိုး မှာ ဖိနပ်၊ စောင်၊ ဝေဖာ၊ ကွေကာအုပ်၊ အရုပ်၊ မန်ကျည်းယို၊ ခေါက်ဆွဲ၊ ပလတ်စတစ်ပုံး၊ သုံးဆင့်စင်၊ ငါးသေတ္တာတို့ ဖြစ်ပြီး သွင်းကုန်တင်သွင်းမှုတွင်ဓာတ်မြေဩဇာနှင့် ဆံပင်နှစ်မျိုးတည်းသာ တင်သွင်းလျက်ရှိသည်။

        ငါးသေတ္တာ၊ အချိုရည်တို့၏ သယ်ယူစရိတ်မှာ (၁၂)ဘီးတစ်စီးလျှင် (၁၅.၈)တန်ခန့် ကုန်ပိဿာအနေဖြင့် (၉၅၀၀) မှ (၁၀၀၀၀) ပိဿာထိသယ်ဆောင်နိုင်ပြီး သယ်ယူစရိတ်အနေဖြင့် (၁၂) ဘီးတစ်စီးလျှင် (၁၉၀၀၀၀၀/- မှ ၂၁၈၅၀၀၀/-) ထိရှိသည်။ ဝေဖာ၊ ဖိနပ်၊ စောင်၊ ဇီးသီးထုပ်၊ ဖယောင်းပုဆိုး၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်အိတ်နှင့် မိတ်ကပ်တို့၏ သယ်ယူစရိတ်မှာ  (၁၂) ဘီးတစ်စီး လျှင် (၈) တန်ခန့် ကုန်ပိဿာအနေဖြင့် (၄၈၀၀) မှ (၅၀၀၀) ပိဿာထိ သယ်ဆောင်နိုင်ပြီး သယ်ယူစရိတ်အနေဖြင့် (၁၂) ဘီးတစ်စီးလျှင်  (၁၁၀၄၀၀၀/ -မှ ၁၁၅၀၀၀၀/-) ထိရှိသည်။

        ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ အိန္ဒိယနိုင်ငံဖက်မှ ၂၀၂၀ မတ်လ၁၀ရက်မှစ၍ ယနေ့ထိ ဂိတ်ပိတ်ထားဆဲဖြစ်ကြောင်းသိရှိရပြီး လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ် မှု အခြေအနေမှာ ပုံမှန်ကူးသန်းရောင်းဝယ်လျက်ရှိကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News