Local News

မောင်တောကုန်သွယ်ရေးစခန်းမှ (၁-၅-၂၀၂၃ မှ ၂၉-၅-၂၀၂၃ထိ) ရေထွက်ပစ္စည်းများ တင်ပို့ခဲ့မှု အ​ခြေအနေ

Last Updated:

           ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မေလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၄၀) ဒေါ်လာသန်းဖြစ်ပြီး မေလ (၁-၅-၂၀၂၃ မှ ၃၀-၅-၂၀၂၃ ထိ)တွင် ပို့ကုန် (၀.၅၅၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၁) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၅၅၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၃၆%) ဆောင်ရွက်နိုင်ခဲ့သည်။ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ ကွမ်းသီး၊ အုန်းသီး၊ ဇီးသီးခြောက်၊ ဂျင်း(အစို)၊ သရက်သီး၊ မရမ်းသီး၊ ဒညင်းသီး၊ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ပုဇွန်ခြောက်၊ ငါးစုံလေးခြောက်၊ ငါးသလောက်၊ လူကြီးစီးဖိနပ်၊ မှုန့်ဖတ်ခြောက်၊ အဝတ်အထည်၊ သနပ်ခါးခဲ၊ ဇီးယိုထုပ်တို့ဖြစ်ပြီး သွင်းကုန်အနေဖြင့် Plastic Pipe နှင့် PVC Tank တို့တင်သွင်းခဲ့သည်။

          စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News