Local News

မန္တလေးဈေးကွက် စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

Last Updated:

           မန္တလေးဈေးကွက်တွင် ဆီဈေးနှုန်းများအနေဖြင့် ပဲဆီ တစ်ပိဿာ ၁၂၅၀၀ ကျပ် မှ ၁၃၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ပဲပုတ်ဆီ ၅၈၀၀ ကျပ် မှ ၆၅၀၀ ကျပ်၊ နေကြာဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၆၇၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေသည်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆံ/ဆီဆံ)ဈေးနှုန်းမှာ မိုးမြေပဲစိုက်ရန် မျိုးအတွက် ဝယ်ယူမှုရှိခြင်း၊ ဆောင်းလက် ကျန်နည်းခြင်း၊ လုပ်ငန်းသမား၊ စက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် မြေပဲ(လုံးဆံ) ၁၀၀ ပိဿာ ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၆၇၅၀၀၀ ကျပ် မှ ယခုအပတ် ၇၀၀၀၀၀ ကျပ်သို့လည်းကောင်း၊ မြေပဲ(ဆီဆံ) ၁၀၀ ပိဿာ ၆၄၅၀၀၀ ကျပ် မှ ယခုအပတ် ၆၇၀၀၀၀ ကျပ်သို့ ဈေးအသီးသီးမြင့်သွားသည်။
          နှမ်းမျိုးစုံဈေးနှုန်းများအနေဖြင့် ဆောင်းလက်ကျန်နည်းခြင်း၊ နွေနှမ်းမဝင်သေးခြင်း၊ လုပ်ငန်းသမား၊ တရုတ်သမား အဝယ်ရှိခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ ယခင်အပတ် ၃၃၀၀၀၀ ကျပ် မှ ၃၄၀၀၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။ နှမ်းညိုမှာ အသစ်အဝင်ရှိခြင်း၊ ဆီစက်သမား ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။နှမ်းနက်(စမုံ)မှာ အသစ်ဝင် ချိန်နီးခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၃၄၅၀၀၀ ကျပ် မှ ၃၃၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
          ပန်းနှမ်းမှာ စိုက်ဧကနည်း၊ အထွက်နည်း၊ အဝင်နည်းခြင်း၊ ရောဆီအတွက် ဆီစက်သမား အဝယ်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၀၅၀၀၀ ကျပ် မှ ၂၁၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။နေကြာမှာလည်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း၊ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးနေကြာ စိုက်ပျိုးစဖြစ်ခြင်းကြောင့် ၂၇ ပိဿာ ၁၀၃၀၀၀ ကျပ် မှ ၁၀၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source: https://www.foodindustrydirectory.com.mm

Category: Local News