Local News

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲ အရောင်းသွက်၍ ဈေးမြင့်လာ

Last Updated:

ဩဂုတ်လပထမပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျှက်ရှိရာ ကုလားပဲ မှာ ဈေးအနည်းငယ်မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ လက်ကျန်နည်းလာခြင်း၊ ပဲခွဲစက်များမှ ကုလားပဲခွဲခြမ်း အရောင်းသွက်ခြင်း ဝယ်လိုအား ကောင်းခြင်းတို့ကြောင့် ဈေးမြင့်လာကြောင်း မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ကုလားပဲဖြူလုံးကြီး (V-2) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၉၀၀၀ မှ ၂၅၈၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၅၇၀၀၀၊ ယခင်လ ကျပ် ၂၅၂၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက်ကျပ် ၁၀၀၀ မှ ၂၀၀၀၊ ယခင်လထက် ကျပ် ၆၀၀၀ မှ ၇၀၀၀ မြင့်တက်လာသည်။

ကုလားပဲ (ထိုင်ဝမ်) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၃၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၅၄၀၀၀ မှ ၂၅၅၀၀၀၊ ယခင်လ ကျပ် ၂၄၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀ မှ ၂၀၀၀ နိမ့်ကျ လာပြီး၊ ယခင်လ ကျပ် ၁၀၀၀၀ မြင့်တက်လာသည်။

ကုလားပဲ (929) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်  ၂၅၉၀၀၀ မှ ၂၆၀၀၀၀၊ ယခင်တစ် ပတ်ကျပ် ၂၅၉၀၀၀ မှ ၂၆၀၀၀၀၊ ယခင်လကျပ် ၂၄၈၀၀၀ မှ ၂၅၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ် နေပြီး၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၁၁၀၀၀ မြင့်တက်လာသည်။

ကုလားပဲဖြူလုံးကြီး (V-7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၆၁၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၅၉၀၀၀ မှ ၂၆၀၀၀၀၊ ယခင်လကျပ် ၂၅၃၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက် ကျပ် ၁၀၀၀ မှ ၂၀၀၀၊ ယခင်လထက် ကျပ် ၈၀၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News