Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ် မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၆၁၂၂၁၃.၇၂၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၈၅၁၇၅၀.၈၇၀ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ Aluminium Ingot ၊ ဆန်၊ ကြိမ်၊ ပြောင်းနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏ သည် ၂၇၅၆၀၄.၂၅၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည် နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၃၃၆၆၀၉.၄၇၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ ချည်ထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓါတ် မြေသြဇာများ၊ ဓါတုဗေဒချည်ခင်များ၊ စက်နှင့်စက်ပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော် ဆိုင်ကယ်အပိုပစ္စည်းများ၊ ပလပ်စတစ်ပိုက်၊ ကားတာယာ၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၂၇၁၀၃၈.၈၀၀ တင်သွင်းမှု ရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏ တန်ဖိုးမှာ ကန်ဒေါ်လာ ၅၈၀၇၁၂.၀၇၀ တင်သွင်းမှု ရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့အထိ တစ်ဖက် တရုတ်ပြည်တွင် ဆန်မာ (၅၀) ကီလို တစ်အိတ်လျှင် ၁၈၀ ယွမ်၊ ဆန်ပျော့ (၅၀) ကီလိုတစ်အိတ်လျှင် ၁၆၀ ယွမ်စျေး ပေါက်လျက်ရှိပြီး၊ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၁ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၃.၂၅ ကျပ် ရှိကြောင်း သိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News