Local News

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲများအရောင်းအဝယ်ကောင်းမွန်ပြီးဈေးမြင့်လာအခြေအနေ

Last Updated:

စက်တင်ဘာလ နောက်ဆုံးပတ် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ယခင်တစ်ပတ် ဈေးအေးသွားတဲ့ ပို့ကုန်ပဲများ အရောင်းအဝယ်ကောင်းမွန်ပြီး ဈေးပြန်မြင့်လာသည်။ ပို့ကုန်ပဲများ လက်ကျန်နည်းကာ ဈေးကွက်ထဲအဝင်နည်းပေမဲ့ ပြည်ပအဝယ် ကောင်းမွန်လာသောကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။ မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၄၅၀၀၀ မှ ၂၄၈၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၃၅၀၀၀ မှ ၂၄၅၀၀၀၊ ယခင်လ ကျပ် ၂၃၀၀၀၀ မှ ၂၃၂၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀၀ မှ ၁၀၀၀၀၊ ယခင်လထက်ကျပ် ၁၅၀၀၀ မှ ၁၆၀၀၀ မြင့်တက်လာသည်။

ပဲစင်းငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၉၅၀၀၀ မှ ၄၀၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၈၀၀၀၀ မှ ၃၈၅၀၀၀၊ ယခင်လ ကျပ် ၃၃၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀၊ ယခင်လထက် ကျပ် ၆၅၀၀၀ မှ ၇၀၀၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း (ညာ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၆၂၀၀၀ မှ ၁၇၃၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၅၅၀၀၀ မှ ၁၇၃၀၀၀၊ ယခင်လ ကျပ် ၁၄၅၀၀၀ မှ ၁၆၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၇၀၀၀၊ ယခင်လထက် ကျပ် ၇၀၀၀ မှ ၁၇၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News