Local News

မန္တလေးကုန်စည်ဒိုင် နှမ်းမျိုးစုံဈေးကွက် ဈေးအေးနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း နှမ်းမျိုးစုံ ဈေးကွက်ထဲ ဝင်ရောက်နေပြီး ဈေးအေးနေကြောင်းသိရသည်။ ဈေးကွက်ထဲကို နှမ်းအသစ်တွေ အဝင်ရှိနေပြီး အရည်အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ စျေးအတက်အကျ ဖြစ်ပေါ်လျက်ရှိကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။ နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၄၀၀၀၀ မှ ၃၆၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၄၀၀၀၀ မှ ၃၆၅၀၀၀၊ ယခင်လကျပ် ၃၈၅၀၀၀ မှ ၄၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၃၅၀၀၀ မှ ၄၅၀၀၀ နိမ့်ကျလာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၄၀၀၀၀ မှ ၃၆၀၀၀၀ ၊ယခင်တစ်ပတ် ကျပ် ၃၈၀၀၀၀ မှ ၃၈၅၀၀၀၊ ယခင်လကျပ် ၄၂၀၀၀၀ မှ ၄၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၅၀၀၀ မှ ၄၀၀၀၀၊ ယခင်လထက်ကျပ် ၇၀၀၀၀ မှ ၈၀၀၀၀ နိမ့်ကျ လာသည်။

နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၉၀၀၀၀ မှ ၂၉၅၀၀၀၊ ယခင် တစ်ပတ်ကျပ် ၃၀၀၀၀၀၊ ယခင်လကျပ် ၃၀၅၀၀၀ မှ ၃၁၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀၀ မှ ၁၀၀၀၀၊ ယခင်လထက်ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ နိမ့်ကျလာသည်။

နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၃၄၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၈၀၀၀၀ မှ ၃၄၀၀၀၀၊ ယခင်လကျပ်  ၃၄၀၀၀၀ မှ ၃၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး ၊ ယခင်လထက် ၃၀၀၀၀ မှ ၆၀၀၀၀ နိမ့်ကျလာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီမှူးရုံး

Category: Local News