International News

GR 11 အမျိုးအစား ဆန်တန်ချိန် ၅ သောင်း သီရိလင်္ကာနိုင်ငံ တင်သွင်းမည်

Last Updated:

သီရိလင်္ကာနိုင်ငံ၌ ကုန်သည်များအနေဖြင့် ဆန်မက်ထရစ်တန်ချိန် ၅၀၀၀၀ ကို ဝယ်ယူတင်သွင်းရန်အတွက် အစိုးရဝန်ကြီးများအဖွဲ့ထံမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း သီရိလင်္ကာအစိုးရ သတင်းပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ကုန်သည်များသည် 'Keeri Samba' ခေါ် လုံးသွယ်ဆန်နှင့်ဆင်တူသော GR 11 အဆင့်ရှိ သည့်ဆန်ကို တင်သွင်းခွင့်ရှိမည် ဖြစ်သည်။ ဆန်စက်များအနေဖြင့် ဆန်ဈေးနှုန်းများ မြင့်တက်စေရန်ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းမှုပြုသည်ဟု ဝေဖန်မှုများရှိခဲ့ပြီး ယခုကဲ့သို့ တင်သွင်းခွင့်ပြုခြင်းက ပရီမီယံဆန် အဆင့်အတန်းဝင် Keeri Samba ဆန်၏ စျေးနှုန်းကို ထိန်းညှိနိုင်မည်ဟု မျှော်လင့်ရပါသည်။

သီရိလင်္ကာနိုင်ငံတွင် ဆန်တင်သွင်းမှုအပေါ် ကန့်သတ်ချက်များ ချမှတ်ထားရှိရာ ကမ္ဘာ့ဈေးကွက်ထက် ဆန်ဈေးနှုန်းများ မြင့်မားမှုရှိပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအဆင့်ရှိသော ဆန်စပါးများ ယှဉ်ပြိုင်စိုက်ပျိုးထုတ်လုပ်မှုကို အားလျော့စေလျက်ရှိကြောင်း၊ ယခုဆန်တန်ချိန် ၅ သောင်း တင်သွင်းခွင့်ပြုရန် အဆိုပြုချက်ကို ကုန်သွယ်ရေးဝန်ကြီး Nalin Fernando က တင်ပြခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Source: Economy Next, 19 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News