Local News

မောတောင်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုအခြေအနေ

Last Updated:

        မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၆၁)ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၃)ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၆၄) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။ မောတောင်ကုန်သွယ်ရေးစခန်းမှ ဇွန်လ (၁၉) ရက်နေ့မှ(၂၅)ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၂၅၁.၀၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၃၀)သန်း၊ ကဏန်း(၂၂.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၉) သန်း၊ ငါးမျိုးစုံ (၅၉.၆၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၈)သန်း၊ ပုဇွန်(၁.၁၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၂) သန်း၊ ငှက်ပျောသီး (၃၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉) သန်း၊ တံမြက်စည်း (၂၄၀၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅) သန်း တင်ပို့နိုင်ခဲ့ပြီး အဓိက တင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ အသီးများ (၆.၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ   (၀.၀၀၂) သန်းနှင့် ငါးသေတ္တာဘူးခွံ (၅.၄၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁ ) သန်းတင်သွင်းနိုင်ခဲ့သည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - ကြက်သွန်နီ (၅၇၇.၇၄)ဒေါ်လာနှုန်း၊ (၂၅၁.၀၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၃၀)သန်း၊ ကဏန်း (၄၂၁၅.၁၆) ဒေါ်လာနှုန်း၊ (၂၂.၁၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၉)သန်း၊ ငါးမျိုးစုံ (၁၂၄၄.၄၆) ဒေါ်လာနှုန်း၊ (၅၉.၆၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၈)သန်း၊ ပုဇွန် (၂၀၀၇၂.၁၈) ဒေါ်လာနှုန်း၊ (၁.၁၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၂)သန်း၊ ငှက်ပျောသီး (၃၀၃.၁၆) ဒေါ်လာနှုန်း၊ (၃၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉)သန်းနှင့် တံမြက်စည်း (၁)U လျှင် (၀.၂) ဒေါ်လာနှုန်း၊ (၂၄၀၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅)သန်း ဖြစ်သည်။

          မောတောင်ကုန်သွယ်ရေးစခန်းမှ  အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ- သစ်သီး (၃၀၆.၁၁) ဒေါ်လာနှုန်း၊ (၆.၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂) သန်းနှင့် ငါးသေတ္တာဘူးခွံ (၂၃၇.၉၁) ဒေါ်လာနှုန်း၊ (၅.၄၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁)သန်းဖြစ်သည်။ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ(၆၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင် ကုန်သွယ်မှုလမ်းကြောင်းမှာ ကောင်းမွန်လျက်ရှိသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၆-၆-၂၀၂၃)ရက်နေ့ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁)သိန်းလျှင် ဘတ် (၁၁၅၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၈၆.၉၆)ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News